ဇာတ်ကားများ ရွေးရန်

Chupa

2023ဇာတ်ကားအမှတ် 6.5/1098 မိနစ်

ချူပါကာဘရာဆိုတဲ့ အမည်က “ဆိတ်သွေးစုပ်သူ” လို့ အဓိပ္ပာယ်ရပါတယ်။ ဇာတ်လမ်းထဲက ဒီသတ္တဝါတွေဟာ ဆိတ်သွေးသောက်တတ်ပြီး ဝက်ဝံငယ်လောက် အရွယ်ရှိကာ ခွေးနဲ့ ပုံသဏ္ဌာန်ဆင်တူသလို ပျံလည်း ပျံနိုင်ကြတယ်။ သူတို့မှာ ထူးခြားတဲ့စွမ်းရည်တွေ ရှိတာကြောင့် လူတွေက လိုက်ရှာနေကြတာပါ။ အထူးသဖြင့် ဒဏ်ရာတွေကို အလွယ်တကူ ပျောက်ကင်းစေနိုင်တဲ့ စွမ်းရည်ကို စိတ်ဝင်စားနေကြတယ်။ နှစ်ပေါင်းများစွာ ရှာမတွေ့ခဲ့ကြပေမယ့် လက်မလျှော့သေးတဲ့ အဖွဲ့တစ်ဖွဲ့ကတော့ ဆက်ရှာနေပါတယ်။ နောက်ဆုံးမှာ ရှားပါးတဲ့ ချူပါကာဘရာသားအမိနှစ်ကောင်ကို သူတို့ တွေ့သွားကြတယ်။ အဖွဲ့သားတွေ အသည်းအသန် လိုက်ဖမ်းကြရာကနေ မမျှော်လင့်ထားတဲ့ ဖြစ်ရပ်တွေ တစ်ခုပြီးတစ်ခု ဆက်ဖြစ်လာပါတော့တယ်။

ဇာတ်လမ်းအကြောင်း