ဇာတ်ကားများ ရွေးရန်

The Lion King II: Simba's Pride

1998ဇာတ်ကားအမှတ် 6.9/1081 မိနစ်

စင်ဘာဟာ အရွယ်ရောက်လာပြီး ဘုရင်အဖြစ် သူ့အုပ်စုကို တာဝန်ယူနေပါပြီ။ သူ့အရိုက်အရာကို ဆက်ခံမယ့် သမီးလေးခီယာရာလည်း ရှိနေပြီဖြစ်ပါတယ်။ အဖေနဲ့တူတဲ့ ခီယာရာက ကြီးလာတာနဲ့အမျှ အရာရာကို စူးစမ်းချင်နေတော့ စင်ဘာမှာ သမီးအတွက် စိတ်ပူနေရတယ်။ တစ်ဖက်မှာတော့ နယ်နှင်ခံထားရတဲ့အုပ်စုက ခြင်္သေ့မဇီရာဟာ စကားရဲ့အရိုက်အရာကို ဆက်ခံဖို့ ကိုဘူးကို ပျိုးထောင်နေပါတယ်။ လက်စားချေလိုတဲ့စိတ်နဲ့ ကိုဘူးကို အပြင်းအထန်လေ့ကျင့်ပေးပြီး စင်ဘာကို အလစ်ချောင်းလုပ်ကြံဖို့ အသုံးချဖို့ ကြံထားတာပါ။ အဲဒီအစီအစဉ်အရ စင်ဘာနဲ့ နီးစပ်နိုင်ဖို့ ကိုဘူးက ခီယာရာကို အရင်ချဉ်းကပ်ရတယ်။ ဒါပေမဲ့ အသုံးချဖို့ စခဲ့တဲ့ဆက်ဆံရေးကနေ သူတို့နှစ်ယောက် တကယ်ချစ်မိသွားကြပါတယ်။ အမုန်းတွေ၊ လှည့်စားမှုတွေနဲ့ သစ္စာဖောက်မှုတွေ ရှိနေတဲ့ အုပ်စုနှစ်ခုကြားမှာ ဒီချစ်သူနှစ်ယောက်ရဲ့လမ်းက ဖြောင့်ဖြူးနိုင်ပါ့မလား။ အတူပေါင်းစည်းဖို့ ဘာတွေကို ရင်ဆိုင်ရဦးမလဲ၊ မူဖာဆာပြောခဲ့သလို အားလုံးတစ်သားတည်း ဖြစ်လာနိုင်ပါ့မလား။

ဇာတ်လမ်းအကြောင်း