Fogaréu
ဘရာဇီးနိုင်ငံအလယ်ပိုင်းက မြို့လေးတစ်မြို့မှာ နှစ်စဉ်ကျင်းပတဲ့ ရိုးရာစီတန်းပွဲ လုပ်နေချိန် ဖာနန်ဒါဆိုတဲ့ မိန်းကလေးတစ်ယောက် ရောက်လာပါတယ်။ သူက မြို့တော်ဝန်ရဲ့တူမဖြစ်ပြီး ကိုယ့်မိဘရင်းတွေ ဘယ်သူလဲဆိုတာ သိချင်လို့ ပြန်လာတာပါ။ ကွယ်လွန်သွားတဲ့ သူ့အမေဟာ အမေရင်းမဟုတ်ဘဲ မိသားစုရန်ကနေ ကာကွယ်ဖို့ သူ့ကိုခေါ်ထုတ်ပြီး ထွက်ပြေးလာခဲ့သူဖြစ်ကြောင်း ဖာနန်ဒါ သိထားပါတယ်။ ဒါပေမဲ့ ဦးလေးကတော့ သူသိချင်တာတွေကို ရှင်းရှင်းလင်းလင်း မပြောပြဘူး။ အမေအကြောင်း စုံစမ်းရင်း မြို့ထဲက အဖြစ်အပျက်တွေကိုပါ ဖာနန်ဒါ သိလာရတယ်။ ဒီမြို့မှာ ဆွေမျိုးဝမ်းကွဲအချင်းချင်း လက်ထပ်ကြပြီး မသန်စွမ်းသူတွေနဲ့ စိတ်ကျန်းမာရေးပြဿနာရှိသူတွေလည်း အများအပြားရှိနေပါတယ်။ မသန်စွမ်းတဲ့ မွေးကင်းစကလေးတွေကို မိဘတွေက စွန့်ပစ်ကြတဲ့အခါ မြို့ခံတွေက မွေးစားကြပေမဲ့ တကယ်တမ်းတော့ ကျွန်လို ခိုင်းစေနေကြတာပါ။ ဦးလေးရဲ့အိမ်မှာလည်း အဲဒီလို မွေးစားပြီး ခိုင်းစေထားသူတွေ ရှိနေသလို သူ့မိသားစုထဲက လူအများစုဟာလည်း ဝမ်းကွဲချင်း လက်ထပ်ထားကြသူတွေ ဖြစ်နေပါတယ်။ ဦးလေးနဲ့ သူ့သားက ရွေးကောက်ပွဲဝင်ဖို့ လုံးပန်းနေရင်း မြို့ရဲ့ပိုင်နက်အရှုပ်အရှင်းတွေကိုလည်း ဖြေရှင်းနေကြတယ်။ ဖာနန်ဒါကတော့ မိဘရင်းတွေအကြောင်း ဆက်စုံစမ်းနေပြီး သူသိလာမယ့်အမှန်တရားကို ဒီမိသားစုက ဘယ်လိုရင်ဆိုင်မလဲဆိုတဲ့ မေးခွန်းရှိနေပါတယ်။ ဇာတ်လမ်းထဲမှာ ဘရာဇီးအလယ်ပိုင်းရဲ့ ရိုးရာပွဲတွေ၊ ယုံကြည်မှုနဲ့ ဓလေ့တွေ၊ မှော်ပညာဆန်တဲ့ အစီအရင်တွေကိုလည်း ထည့်သွင်းထားပြီး ဘာလင်ရုပ်ရှင်ပွဲတော်မှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ဇာတ်ကားဖြစ်ပါတယ်။
ဇာတ်လမ်းအကြောင်း