ဇာတ်ကားများ ရွေးရန်

Close Range

2015ဇာတ်ကားအမှတ် 6.6/1080 မိနစ်

အမေရိကန်နဲ့ မက်ဆီကိုနယ်စပ်က မက်ဆီကိုဂိုဏ်းတစ်ခုရဲ့စခန်းထဲကို အမျိုးသားတစ်ယောက် တစ်ကိုယ်တော်ဝင်တိုက်ပြီး သူ့တူမကို ကယ်ထုတ်ရာက ဇာတ်လမ်းစပါတယ်။ သူ့အစ်မရဲ့ နောက်အိမ်ထောင်ဘက်က မူးယစ်ဆေးဝါးကိစ္စတွေနဲ့ ပတ်သက်နေသူဖြစ်ပြီး ပြဿနာတစ်ခု ရှုပ်ထားခဲ့တာကြောင့် တူမဖြစ်သူ ပြန်ပေးဆွဲခံခဲ့ရတာပါ။ တူမကို ကယ်ထုတ်လာနိုင်ပေမဲ့ အန္တရာယ်က မပြီးသေးဘူး။ ဂိုဏ်းခေါင်းဆောင်ဟာ အမေရိကန်ဘက်က ရဲတွေကိုပါ သူ့အလိုကျ ခိုင်းနိုင်သူဖြစ်နေပါတယ်။ အကျင့်ပျက်ရဲတွေကို အရင်လွှတ်ပြီး သူတို့မိသားစုတစ်စုလုံးကို ဖမ်းထားခိုင်းတယ်။ ပြီးမှ သူကိုယ်တိုင် လိုက်လာပြီး စီရင်မယ်လို့ ကြိမ်းဝါးထားတာကြောင့် အစ်မနဲ့တူမကို ကာကွယ်ဖို့ မူးယစ်ဂိုဏ်းနဲ့ ရဲတွေကိုပါ ရင်ဆိုင်ရတော့တာပါ။ ဂိုဏ်းခေါင်းဆောင်က ဘာကြောင့် ဒီလောက်အထိ အတင်းလိုက်ဖမ်းချင်နေတာလဲ၊ ကယ်ထုတ်လာသူရဲ့ နောက်ကြောင်းမှာရော ဘာတွေရှိခဲ့သလဲ။ ရန်သူအများကြားကနေ တစ်ယောက်တည်း တိုက်ခိုက်ပြီး လွတ်မြောက်နိုင်မလားဆိုတာကို Scott Adkins ပါဝင်သရုပ်ဆောင်ထားတဲ့ ၂၀၁၅ ခုနှစ် အက်ရှင်ဇာတ်ကားမှာ ဆက်ကြည့်ရမှာပါ။

ဇာတ်လမ်းအကြောင်း