ဇာတ်ကားများ ရွေးရန်

Breaking Surface

2020ဇာတ်ကားအမှတ် 6.8/1082 မိနစ်

Breaking Surface (2020) IMDb Rating - 6.1/10 သည်းထိတ်ရင်ဖိုစွန့်စားခန်းတွေပါတဲ့ဇာတ်ကားကိုမှကြိုက်ပါတယ်ဆိုတဲ့ ပရိသတ်တွေအတွက်၂၀၂၀ခုနှစ်ထွက် ဇာတ်ကားလေးလာပါပြီ။ တူဗာနဲ့အီဒါဆိုတဲ့အမေတူအဖေကွဲညီအစ်မနှစ်ယောက်က သူတို့အမေနဲ့အတူ ပင်လယ် ကြမ်းပြင်အောက် ရေငုပ်ကြမယ်ဆိုပြီးစီစဉ်ထားရာကနေ မိခင်ဖြစ်သူကနေမကောင်းဖြစ်နေတော့ ညီအစ်မနှစ်ယောက် တည်း ရေငုပ်ဖို့ဖြစ်လာတာပေါ့။ ဒီဇင်ဘာအချိန်အခါချမ်းအေးလှတဲ့ရာသီမှာ ကိုယ်တွေလိုအိမ်မှာပဲ စောင်ခြုံပြီးအိပ်မနေပဲ ရေငုပ်ဖို့လုပ်ကြတဲ့ ညီအစ်မနှစ်ယောက်ဟာ ကံဆိုးစွာနဲ့လန့်စရာအဖြစ်ဆိုးကို ငယ်ဘဝကတည်းကကြုံခဲ့တယ်ပေါ့။ ဒီလိုနဲ့အသက်တွေကြီးလာတဲ့အခါလည်း ရေငုတ်တဲ့ဘဝကနေ စွန့်စားခန်းတွေ . အသက်အန္တရာယ်နဲ့များလွန်းတဲ့ အလုပ် တွေမှာ သူတို့ဟာ ပျော်နေဆဲပါ။ ဒီကားထဲမှာ မြင်တွေ့ရမှာကတော့ ညီအမတွေရဲ့ သံယောဇဥ◌်၊ အန္တရာယ်ကြားကနေ အရှုံးမပေးဘဲ ရဲရင့်တဲ့စိတ်ဓါတ်၊ ပြတ်သားတဲ့ဆုံးဖြတ်မှု၊ ဖြစ်နေတဲ့အခြေအနေမှာ အကောင်းဆုံးလမ်းကြောင်း ရွေးချယ်လုပ်ကိုင်မှုတွေကို မြင်တွေ့ရမှာလည်း ဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ Chit Tee ပဲဖြစ်ပါတယ်။) Quality – 1080p, 720p BluRay 5.1CH Duration - 1h 22min Subtitle – Myanmar Hardsub Format – Mp4 Genre : Drama Source : 1080p.BluRay Translator – Chit Tee Encoder – SWM

ဇာတ်လမ်းအကြောင်း