ဇာတ်ကားများ ရွေးရန်

Family of Strangers

2019ဇာတ်ကားအမှတ် 7.3/10117 မိနစ်

Family of Strangers သွေးသားတော်စပ်သူတွေကို မိသားစုလို့ခေါ်ကြတယ် သွေးသားမတော်စပ်ပေမယ့် မိသားစုထပ်ပိုနွေးထွေးတဲ့သူတွေနဲ့ ကြုံဖူးကြလား?? အရပ်သုံးစကားကတော့ ရပ်ဆွေရပ်မျိုးပေါ့ အဲ့လိုဆိုပေမယ့်လည်း သွေးသားအချင်းချင်းကို ညှင်းပန်းနှိပ်စက်ပြီး ရိုင်းစိုင်းတဲ့သူတွေလည်းရှိကြတာပဲ ဒီကားထဲမှာတော့ လူသတ်ပြီးကြိုးပေးတာမသေလို့ စိတ်ကျန်းမာရေးဆေးရုံရောက်နေတဲ့လူကြီးရယ် ဆေးသုံးလွန်ပြီး ကြောင်နေလို့ရောက်လာတဲ့ လူရည်လည် ကောင်လေးရယ် ပထွေးကအနိုင်ကျင့်တာကို ဘယ်သူ့အကူအညီမှမရပဲ သတ်သေချင်နေတဲ့ ဆယ်ကျော်သက်ကောင်မလေးရယ်တို့က စိတ်ကျန်းမာရေးဆေးရုံမှာဆုံကြရင်းက အချင်းချင်းနွေးထွေးကြတဲ့ဆက်ဆံရေးလေးကိုကြည့်ရမှာပါ သွေးမတော်သားမစပ်ပေမယ့် ဘဝတူတွေမို့ ကိုယ့်သွေးသားမိသားစုလို အတူတူလိုက်ပါ ခံစားနာကျင်ထိခိုက်ပြီး တတ်နိုင်တဲ့ဘက်ကကူညီကြတဲ့ ရိုးရှင်းတဲ့ မေတ္တာတရား အေးချမ်းတဲ့မေတ္တာတရားကို ဘာအထူးတလည်မွမ်းမံမှုမှမရှိပဲနဲ့ ရင်ထဲရောက်အောင် ရိုက်ကူးပြသထားတာကြောင့် အသေးစိတ်ကအစ ရင်ထဲခံစားရစေမှာပါ.... ဒီလိုကပ်ဘေးကာလမှာ နှလုံးသားကိုလဲ အာဟာရကျွေးဖို့လိုတာကြောင့် နှလုံးသားအာဟာရ မိသားစုဇာတ်ကားလေးကို ကြည့်ရှုခံစားကြပါဦး ဒါကြောင့် သေချာလေးကြည့်ပြီးခံစားလိုက်ပါဦးနော်.. IMDB 6.2 ရထားပြီး castingပိုင်းမှာလဲ ဂျပန်နိုင်ငံရဲ့ နာမည်ကြီးမင်းသမီး နနကိုမတ်စုလေး ကခေါင်းဆောင်မင်းသမီးအဖြစ် ပါဝင်ရိုက်ကူးထားကြောင့် ကြည့်ရှုသူ ပရိသတ်တို့ သရုပ်ဆောင်ပိုင်းမှာလဲ နှစ်ခြိုက်ကြမှာပါ... အညွှန်းနဲ့ဘာသာပြန်ကိုတော့ ThinZar Htet မှခံစားရေးသားပေးထားပါတယ် Translated by : ThinZar Htet Encoded by : YK Quality :720p HDTV x264 AAC5.1 File Size : 1.2GB Subtitles : Myanmar (Hardsub)

ဇာတ်လမ်းအကြောင်း