ဇာတ်ကားများ ရွေးရန်

Executive Decision

1996ဇာတ်ကားအမှတ် 6.2/10133 မိနစ်

ဂရိနိုင်ငံ အေသင်မြို့ကနေ အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီကို ပျံသန်းနေတဲ့ လေယာဉ်တစ်စီးကို လမ်းခုလတ်မှာ အကြမ်းဖက်သမားတွေ စီးနင်းပြန်ပေးဆွဲလိုက်ပါတယ်။ အရှေ့အလယ်ပိုင်းက ဒီအဖွဲ့ဟာ အမေရိကန်စစ်တပ် ဖမ်းဆီးထားတဲ့ သူတို့ခေါင်းဆောင်ကို ပြန်လွှတ်ပေးဖို့ တောင်းဆိုတယ်။ ဒါပေမဲ့ ထောက်လှမ်းရေးအရာရှိ ဒေးဗစ်ဂရန့်က သူတို့ရည်ရွယ်ချက်ဟာ ဒီတစ်ခုတည်း မဟုတ်နိုင်ဘူးလို့ သံသယရှိနေပါတယ်။ ဒေးဗစ်ဂရန့်ဟာ ဓားစာခံကယ်ဆယ်ရေးကို လုပ်ဆောင်မယ့် ဗိုလ်မှူးအော်စတင်ထရာဗစ်နဲ့ ပူးပေါင်းရတော့တယ်။ အကြမ်းဖက်သမားတွေရဲ့ နောက်ကွယ်ကရည်ရွယ်ချက်က ဘာဖြစ်မလဲ၊ လေယာဉ်ပေါ်က ဓားစာခံတွေကို ကယ်တင်ဖို့ ဘယ်လိုအသက်စွန့်ရမလဲဆိုတာကို ဆက်ထားတဲ့ အက်ရှင်ဇာတ်ကားပါ။ ၁၉၉၆ ခုနှစ်မှာ ပြသခဲ့ပြီး ဒေးဗစ်ဂရန့်အဖြစ် Kurt Russel၊ ဗိုလ်မှူးအော်စတင်ထရာဗစ်အဖြစ် Steven Seagal တို့ သရုပ်ဆောင်ထားပါတယ်။ John Leguizamo နဲ့ Halle Berry တို့လည်း ပါဝင်ထားကြပါတယ်။

ဇာတ်လမ်းအကြောင်း