ဇာတ်ကားများ ရွေးရန်

The Price of Perfection

2022ဇာတ်ကားအမှတ် 5.5/1090 မိနစ်

လူငယ်လေးယောက်ဟာ ADHD ကုသရာမှာ သုံးတဲ့၊ ဆရာဝန်ညွှန်ကြားချက်ရှိမှ သောက်ရတဲ့ဆေးတစ်မျိုးကို စမ်းသုံးကြပါတယ်။ အဲဒီထဲက အေဗာက ပညာသင်ဆုရဖို့ စာမှာ ပိုအာရုံစိုက်နိုင်အောင် စသုံးခဲ့ရာကနေ ဆေးစွဲသွားတယ်။ ဒါတွေကို မသိတဲ့ အမေကတော့ သမီးအလိမ္မာလေးအတွက် အမြဲဂုဏ်ယူနေခဲ့ပါတယ်။ တစ်နေ့မှာ ရဲစခန်းက ဆက်သွယ်လာပြီး အေဗာဟာ သူငယ်ချင်းကို ကားနဲ့တိုက်ကာ ထွက်ပြေးနေကြောင်း ပြောလာတယ်။ အမေဖြစ်သူက ဘယ်လိုမှ မယုံနိုင်ဘူး။ သက်သေတွေ ရဲလက်ထဲ အရင်မရောက်အောင် ကြိုးစားရင်း အမှုမှန်ကို ကိုယ်တိုင်ဖော်ထုတ်ဖို့ လိုက်စုံစမ်းပါတော့တယ်။ အေဗာရဲ့ကားကို ရှာတွေ့တဲ့အခါ ရှေ့ပိုင်းမှာ လူကိုတိုက်ထားသလို အခြေအနေမျိုး ရှိနေတော့ သူ့အပေါ် သံသယက ပိုခိုင်မာလာတယ်။ ဒါပေမဲ့ သမီးဟာ ရာဇဝတ်ကောင်မဟုတ်ဘူးလို့ အခိုင်အမာယုံကြည်နေတဲ့ အမေက ရဲတွေနဲ့အပြိုင် အမှုကိုလိုက်ရင်း အေဗာကို ရှာနေဆဲပါ။ တကယ်ပဲ အေဗာက ဆေးအရှိန်ကြောင့် သူငယ်ချင်းကို ကားနဲ့တိုက်ခဲ့တာလား၊ အမေထင်သလို နောက်ကွယ်မှာ တခြားအကြောင်းတွေ ရှိနေဦးမလား။

ဇာတ်လမ်းအကြောင်း