Tomorrow
Jasmine Revolution လို့ခေါ်တဲ့ တူနီးရှားတော်လှန်ရေးအပြီး ဆယ်နှစ်အကြာမှာ လူ့အခွင့်အရေးရှေ့နေ ဟာဘစ်နဲ့ သူ့သား အာမက်တို့ရဲ့ဘဝကို ဇာတ်အိမ်တည်ထားပါတယ်။ ဟာဘစ်ဟာ တော်လှန်ရေးကာလအတွင်း ဖမ်းဆီးနှိပ်စက်ခံခဲ့ရတဲ့ စိတ်ဒဏ်ရာတွေနဲ့အတူ စိတ်ကစဉ့်ကလျားရောဂါ ခံစားနေရသူပါ။ သူ့စိတ်ထဲမှာတော့ လူတွေအတွက် တရားမျှတမှုကို ဘယ်လိုဆောင်ကြဉ်းပေးရမလဲဆိုတာ အမြဲတွေးနေတတ်တယ်။ သားဖြစ်သူ အာမက်က ဆယ်ကျော်သက်အရွယ်ပဲ ရှိသေးပေမယ့် တစ်ဖက်သားအတွက် တွေးပေးတတ်တဲ့ ကောင်လေးပါ။ နေမကောင်းတဲ့အဖေကို အမြဲစိတ်ပူနေရပြီး စောင့်ရှောက်ပေးနေရတယ်။ သားအဖနှစ်ယောက်ရဲ့ နေ့စဉ်ဘဝကနေတစ်ဆင့် တူနီးရှားပြည်သူတွေရဲ့ အခြေအနေ၊ တရားစီရင်ရေးစနစ်ရဲ့ ပျက်ကွက်မှုတွေနဲ့ တော်လှန်ရေးပြီးသွားပေမယ့် မပြီးပြတ်သေးတဲ့ ရည်မှန်းချက်တွေကို ဖော်ပြထားပါတယ်။ Cairo International Film Festival မှာ International Federation of Critics’ Award ရရှိထားတဲ့ လူမှုဘဝဒရာမာဇာတ်ကားပါ။
ဇာတ်လမ်းအကြောင်း