ဇာတ်ကားများ ရွေးရန်

Into the White

2012ဇာတ်ကားအမှတ် 6.9/10104 မိနစ်

ဒုတိယကမ္ဘာစစ်အတွင်း နော်ဝေးနိုင်ငံမှာ ဗြိတိန်နဲ့ ဂျာမန်လေယာဉ်တွေ တိုက်ခိုက်ကြရင်း ဂျာမန်ဗုံးကျဲလေယာဉ်တစ်စီး နှင်းဖုံးနေတဲ့ လွင်ပြင်ထဲ ပျက်ကျသွားပါတယ်။ သူတို့ပစ်ချခဲ့တဲ့ ဗြိတိန်လေယာဉ်ကလည်း အနီးအနားမှာပဲ ပျက်ကျသွားတယ်။ အသက်ရှင်ကျန်ခဲ့တဲ့ လေယာဉ်မှူးတွေနဲ့ လေတပ်သားတွေဟာ နှင်းတောထဲမှာ ခိုလှုံစရာနေရာ ရှာရင်း အမဲလိုက်တဲလေးတစ်လုံးမှာ ဆုံမိကြပါတယ်။ အဲဒီမှာ ဂျာမန်တွေက ဗြိတိန်လေသူရဲတွေကို စစ်သုံ့ပန်းအဖြစ် ဖမ်းထားလိုက်တယ်။ လူသူနဲ့ဝေးတဲ့ နှင်းတောထဲ တစ်နေရာတည်း ရောက်နေကြတဲ့ ရန်သူနှစ်ဖက်ကြား ဘာတွေဖြစ်လာမလဲ၊ ဒီလိုအခြေအနေမှာ ရန်သူတွေက မိတ်ဆွေဖြစ်လာနိုင်မလားဆိုတဲ့ မေးခွန်းနဲ့ ဇာတ်လမ်းကို ဆက်ထားပါတယ်။ နော်ဝေးမှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်မှန်ကို အခြေခံထားပြီး Rupert Grint ပါဝင်သရုပ်ဆောင်ထားပါတယ်။ တိုက်ခိုက်ခန်းတွေထက် ဇာတ်လမ်းကို ဖြည်းဖြည်းချင်း ဆက်သွားတဲ့ စစ်ပွဲနောက်ခံကားပါ။

ဇာတ်လမ်းအကြောင်း