Rashomon
Rashomon(1950) IMDb Rating - 8.2 out of 10 ကူရိုဆာဝါလိုနာမည်ကျော်ဒါရိုက်တာ ရိုက်ထားတဲ့ ဒီရရှော်မွန်ကိုကောင်းမှန်းသိပေမယ့် ညွှန်းကြပေမယ့် အဖြူအမဲဖြစ်နေတာရော ခေတ်ကာလအရမ်းကွာတာရောကြောင့် သိပ်ဓာတ်မကျမိလို့ မကြည့်ဖြစ်ခဲ့ဘူး။ ခင်မောင်ရင် ဘာသာပြန်ထားတဲ့ ယူနိုဆူကီ အကူတာဂါဝါရဲ့ ရရှော်မွန်ကိုဖတ်ပြီးမှ ကြည့်ကြည့်ချင်စိတ် အတော်လေးပေါက်လာလို့ ကြည့်လိုက်မိတယ်။ ကူရိုဆာဝါရိုက်ထားတဲ့ ရရှော်မွန်က တကယ်တမ်း ရရှော်မွန်ဆိုတဲ့ ဝတ္တုတိုကို အဓိကထားရိုက်ထားတာတော့မဟုတ်ဘူး အဲ့ဒီစာအုပ်ထဲက ပထမဆုံးအပုဒ်ဖြစ်တဲ့ In A Grooveကိုရိုက်ထားတာ။ ကူရိုဆာဝါက အဲ့ဒီဝတ္တုတိုနှစ်ပုဒ်ကို ဆက်သုံးလိုက်ပြီး မူလဝတ္တုထက် ဇာတ်ကြောင်းပြောပြတဲ့ ဇာတ်ကောင်တွေကို ချုံ့ပစ်လိုက်တယ်။ ပြောရရင် မအီတော့ဘဲ ဗိုက်ပြည့်ရုံ ပမာဏပဲ ဖြစ်ရပ်ကိုပြောခိုင်းထားတယ်။ တစ်ခုရှိတာက သူ့ရဲ့ ရရှော်မွန်ဝတ္တုကို ဇာတ်သိမ်းပြင်ထားတဲ့ ဇာတ်သိမ်းခန်းက ဝတ္တုထက်သာတယ်ပြောရမယ်။ ဝတ္တုထက်သာတဲ့ရုပ်ရှင်ကရှားတယ် ပြပါဆိုရင်တော့ ကျွန်တော် ဒီကားပြမိမယ်။ အတော်လေး အထားအသိုမှန်တယ်ဆိုရမယ်။ ပြီးတော့ ဇာတ်လမ်းက ကျွန်တော်တို့ဆီက တစ်စုံတစ်ရာကို ယူပြီးနောက်မှာ ကူရိုဆာဝါရဲ့ ဇာတ်သိမ်းက ပေးသင့်တဲ့ တစ်စုံတစ်ရာကိုပြန်ပေးထားတယ်။ ဒါကြောင့်ပဲ ကူရိုဆာဝါရဲ့ ဇာတ်သိမ်းက ပိုသာသွားတယ်လို့ ထင်မြင်တယ်။ ယေဘုယျပုံစံကတော့ 12 Angry Menလို ပုံစံလို့ပြောရမယ်။ မုဒိန်းကျင့်မှုတစ်ခုလူသတ်မှုတစ်ခုဖြစ်ခဲ့တယ်။ တောပုန်းရယ် ဇနီးရယ် ယောကျာ်းရယ်အခင်းဖြစ်ကြတယ်။ ယောကျာ်းသေသွားတယ်။ ဘာလို့သေတာလဲတော့ပြထားတယ်။ ပြထားတာမှ လေးခုတောင်ပြထားတာ။ တောပုန်းရယ် ဇနီးရယ် ယောကျာ်းရယ်စတဲ့ အမှုနဲ့ပက်သက်နေတဲ့လူသုံးယောက်ရယ် အလောင်းကိုတွေ့တဲ့ သစ်ခုတ်သမားရယ်ရဲ့ ဇာတ်လမ်းလေးခုလုံးကိုပြသွားတာ။ (အသတ်ခံရတဲ့ယောကျာ်းကိုက နတ်ဝင်သည်ထဲဝင်ပူးခိုင်းပြီးမေးတာ) တစ်ခုနဲ့တစ်ခုလုံးဝကိုမတူဘူး။ သုံးယောက်လုံးကလည်း သူတို့ သတ်တာပါဆိုပြီးဝန်ခံကြတယ်။ ဒီအမှုအကြောင်းကို ဘုန်းတော်ကြီးတစ်ပါးရယ် သစ်ခုတ်သမားရယ် သာမန်လူတစ်ယောက်ရယ် ရရှော်မွန်ဆိုတဲ့ ဂိတ်အပျက်ကြီးအောက်မှာ ဆွေးနွေးနေကြတယ်။ သူတို့သုံးယောက်ရဲ့ စရိုက်တွေက တခြားစီ၊ တစ်ယောက်က လူတွေမှာ စိတ်ကောင်းဝိညာဉ်ရှိပါသေးတယ်လို့ ယုံတယ် တစ်ယောက်က ယုံချင်တယ် တစ်ယောက်က မယုံဘူး။ ဘာတွေ ပြောကြသလဲတော့ ကိုယ်တိုင်ပဲ ကြည့်ကြည့်။ စိတ်ဝင်စားစရာကောင်းတယ်။ တစ်ခုရှိတာက ရရှော်မွန်ဆိုတဲ့ ဂိတ်ကြီးမှာ စကားထိုင်ပြောနေရုံနဲ့ ဒီရုပ်ရှင်နာမည်က ဘာလို့ရရှော်မွန်ဖြစ်သွားလဲ တွေးချင်တွေးမိမယ်။ ရရှော်မွန်ဆိုတာ ကျိုတိုမှာအကြီးမားဆုံးဂိတ်ကြီး ၁၀၆ပေမြင့်ပြီး ၂၆ပေနက်တယ်။ သက္ကရာဇ်၇၈၉ခုနှစ် မှာဆောက်ခဲ့တယ်။ဒီဇာတ်လမ်းရဲ့ကာလမှာတော့ရရှော်မွန်က ပျက်စီးနေပြီ။ ဒီအပျက်အစီးတွေကိုအခွင့်ယူပြီး တိရိစ္ဆာန်တွေ သူခိုးဓားပြတွေ အောင်းတဲ့နေရာလည်းဖြစ်နေပြီ။ ပိုင်ရှင်မဲ့အလောင်းတွေထားတဲ့နေရာလည်းဖြစ်နေပြီ။ဒီလိုနေရာကြီးကို လူ့ယဉ်ကျေးမှုသမိုင်းရဲ့ နိမိတ်ပုံအဖြစ်ထည့်ပြီး ကူရိုဆာဝါက စာရေးဆရာပြချင်တဲ့လူ့သဘာဝကို ပိုထင်ရှားအောင်ပြသွားနိုင်ခဲ့တယ်။ အဖြူအမဲရုပ်ရှင်ဆိုပြီး အထင်သေးလို့တော့မရဘူး ရိုက်ချက်တွေက အထားအသို အရမ်းကျတယ်။ Old but Goldလို့တော့ လာမပြောနဲ့ဗျ။ ရွှေတွေက ဘယ်တော့မှ မဟောင်းဘူး။ စစ်မှန်တဲ့အရာတွေက ဘယ်တော့မှမဟောင်းဘူး။ ရရှော်မွန်ဟာ ဘယ်တော့မှ ဟောင်းမသွားမယ့် ရုပ်ရှင်တစ်ကားပဲ။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ WiRa Aung ပါ ) Quality__B&W 720p IMDb Rating__8.2/10 Format__mp4 Duration__01:28:00 Type__Crime , Drama , Mystery Subtitle__Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Naing Aung Latt
ဇာတ်လမ်းအကြောင်း