Romance Doll
Romance Doll 2020 ၁၈ယောက်စုကြည့်ရတဲ့ကားပါလို့ ကြိုပြောထားပါမယ် Netflix ကရိုက်ထားတဲ့ကားကောင်းလေးပါ သရုပ်ဆောင်အများကြီးမပါပေမယ့် နွေးထွေးတဲ့ဆက်ဆံရေးအများကြီးကို ရှင်းရှင်းလင်းလင်းကိုရိုက်ပြထားပြီး သရုပ်ဆောင်တွေအကုန်လုံးကလည်း chemistery မိလှပါတယ် ဇာတ်လမ်းအကျဉ်းပြောရရင်တော့ လူကြီးအရုပ်တွေလုပ်ရတဲ့ကောင်လေးနဲ့ အဝတ်ဗလာမော်ဒယ်လ်ထိုင်ပေးတဲ့ကောင်မလေးတစ်ယောက်တို့အကြောင်းပေါ့ ပထမတွေ့တဲ့အကြိမ်မှာပဲ ရင်သားတွေအကိုင်ခံလိုက်ရလို့ချစ်သွားတဲ့ကောင်မလေးနဲ့ ရှက်ရှက်နဲ့ကိုင်လိုက်ပြီး တစ်ခါတည်းနဲ့ကိုတန်းချစ်သွားတဲ့ကောင်လေးတို့ဟာ အချင်းချင်းအမေးအမြန်းတွေသိပ်လုပ်မနေပဲလက်ထပ်လိုက်ကြပါတယ် ချစ်ခြင်းတွေနဲ့ပဲတည်ဆောက်ထားတဲ့နှစ်ယောက်တည်းကမ္ဘာလေးက လျှို့ဝှက်ချက်တွေမပေါ်လာခင်အထိတော့သာယာနေခဲ့တာပေါ့ ယောင်္ကျားတွေက ဘယ်လိုပဲချစ်လို့ယူထားယူထား အခြားက စနှိုက်တွေရောက်လာတဲ့အခါ ခဏလောက်ဖြစ်ဖြစ် ယိမ်းယိုင်တတ်တဲ့စိတ်ကိုလည်းမြင်လိုက်ရပါသေးတယ် ( ရှင်တို့ယောင်္ကျားတွေကောင်းကိုမကောင်းဘူး ) ဆိုတော့ သာယာကြည်နူးဖွယ်ကောင်းသော ဝမ်းနည်းဖွယ်ကောင်းသော ပျော်ရွှင်ဖွယ်ကောင်းသော အခန်းတိုင်းက ခံစားချက်အမျိုးမျိုးကိုရစေပါတယ် ချစ်ခြင်းတရားဟာ အဘယ်ကဲ့သို့ဆန်းကြယ်ကြောင်းတွေရောကို အပြင်လောကမှာကြုံတွေ့ရသလို သဘာဝကျကျလေးရိုက်ကူးထားတာမို့လို့ စီးမြောခံစားရတာ သက်တောင့်သက်သာရှိလှပါတယ် ( ရည်းစားမရှိတဲ့သူတွေကတော့ ရုပ်ရှင်ကိုရုပ်ရှင်လိုပဲကြည့်ပေါ့ ) ဇာတ်လမ်လေးကောင်းရုံတင်မက အပိုဆုအနေနဲ့ မင်းသမီးလေးကလည်း အသားအရည်ရဲ့ဝင်းလဲ့နေမှု မျက်နှာလေးရဲ့ လှပနေမှုဆိုသလို တော်တော်လေးလှပါတယ် ပြီးတော့ ၂၀၀၈တုန်းက အကောင်းဆုံးဇာတ်ပို့ဆုရထားတာမို့ သရုပ်ဆောင်တာကတော့ သိပ်ညွှန်းမနေတော့ဘူးနော် ) မင်းသားကလည်း ယောင်္ကျားဆန်ဆန်ပုံစံနဲ့ သရုပ်ဆောင်တာလည်းကောင်းတာမို့လို့ ကြည့်ဖို့ပေးလိုက်ရတဲ့အချိန်အတွက် နောင်တရစရာမရှိပါဘူး Translated and Reviewed by ThinZar Htet Encoded by YK File Size : 2.2GB abd 1.3GB Quality :1080p Blu-Ray Remux and 720p Duration : 2h 3min Subtitles : Myanmar (Hardsub)
ဇာတ်လမ်းအကြောင်း