The Quest for Tom Sawyer's Gold
အက်ဂီအန်းစတောင်းဟာ စွန့်စားခရီးထွက်ပြီး ရတနာလိုက်ရှာရတာကို နှစ်သက်သူပါ။ ဒါပေမယ့် အသက်ကြီးလာပြီး သားတစ်ယောက်ရလာတဲ့အခါ သားကိုစောင့်ရှောက်ရင်း သူတက်တဲ့ကျောင်းမှာပဲ ဆရာမအဖြစ် အလုပ်လုပ်နေခဲ့တယ်။ တစ်နေ့ အတန်းထဲမှာ တွမ်ဆောယာရဲ့ ရွှေအကြောင်း စာအုပ်ကို သင်ပေးပြီး ကလေးတွေကို အိမ်စာပေးလိုက်ပါတယ်။ သားဖြစ်သူ အန်တိုနီကတော့ သူငယ်ချင်း ဝူဒီ၊ လူတို့နဲ့အတူ စာအုပ်ထဲကနေ လေ့လာရုံနဲ့ အားမရကြဘူး။ တွမ်ဆောယာရဲ့ ရွှေတွေကို အပြင်မှာ တကယ်လိုက်ရှာဖို့ အမေမသိအောင် ခိုးထွက်သွားကြပါတယ်။ အဲဒီလိုနဲ့ သားကိုလိုက်ရှာရတဲ့ အက်ဂီလည်း စွန့်စားခရီး ပြန်ထွက်ရဖို့ အကြောင်းဖန်လာတယ်။ ရွှေတွေကို ရှာဖို့ကြိုးစားနေတာ သူတို့တစ်ဖွဲ့တည်းတော့ မဟုတ်ပါဘူး။ ကျောင်းကို အသစ်ရောက်လာတဲ့ ဆရာ မစ္စတာ အေဂျေလည်း ပါနေတယ်။ အက်ဂီဟာ ကောလိပ်တုန်းက သူ့ရဲ့သုတေသနလက်ထောက် ဖြစ်ခဲ့ဖူးပါတယ်။ ရတနာရှာတဲ့ခရီးမှာ သူတို့ ဘယ်လိုအခက်အခဲတွေကို ကျော်ဖြတ်ရမလဲဆိုတာကို ကလေးတွေအတွက် ရည်ရွယ်ထားတဲ့ စွန့်စားခန်းတွေနဲ့ တင်ဆက်ထားတယ်။ ရှုပ်ထွေးတဲ့ ဇာတ်လမ်းအလှည့်အပြောင်းတွေနဲ့ သတ်ဖြတ်ခန်းတွေ မပါဘဲ မိသားစုအတူ ပေါ့ပေါ့ပါးပါး ကြည့်နိုင်တဲ့ကားပါ။
ဇာတ်လမ်းအကြောင်း