65
မေးစ်ဟာ တခြားဂြိုလ်တွေကို စူးစမ်းလေ့လာတာ၊ ရိက္ခာပို့တာတွေ လုပ်ရတဲ့ လခစားအာကာသယာဉ်မှူးတစ်ယောက်ပါ။ ပုံမှန်ဆို နှစ်ပတ်၊ တစ်လလောက်ပဲ ခရီးထွက်ရပေမယ့် ဒီတစ်ကြိမ်မှာ နှစ်နှစ်ကြာမယ့် ခရီးစဉ်တစ်ခုကို လက်ခံလိုက်တယ်။ ရောဂါခံစားနေရတဲ့ သမီးအတွက် ဆေးကုသစရိတ်လိုနေပြီး ဒီခရီးက လစာသုံးဆလောက် ရမှာကြောင့်ပါ။ လမ်းမှာတော့ သူ့ယာဉ်ဟာ ဂြိုဟ်သိမ်ဂြိုဟ်မွှားအပိုင်းအစတွေနဲ့ တိုက်မိပြီး အမည်မသိတဲ့ ဂြိုလ်တစ်ခုပေါ် ပျက်ကျသွားပါတယ်။ ပျက်ကျမှုကနေ အသက်ရှင်ကျန်ခဲ့တဲ့ မေးစ်ဟာ အိမ်ပြန်နိုင်ဖို့ အန္တရာယ်တွေကို ကျော်ဖြတ်နေရတယ်။ အဲဒီအချိန်မှာပဲ ဒီဂြိုလ်ပေါ်မှာ သူတစ်ယောက်တည်း ရှိနေတာမဟုတ်ကြောင်း သိလိုက်ရပါတယ်။ အဒမ်ဒရိုင်ဘာ ပါဝင်သရုပ်ဆောင်ထားတဲ့ သိပ္ပံစိတ်ကူးယဉ်အက်ရှင်ဇာတ်ကားဖြစ်ပြီး A Quiet Place ရဲ့ ဇာတ်ညွှန်းရေးဆရာ Scott Beck က ဒါရိုက်တာနဲ့ ဇာတ်ညွှန်းရေးဆရာအဖြစ် ပါဝင်ထားပါတယ်။
ဇာတ်လမ်းအကြောင်း