ဇာတ်ကားများ ရွေးရန်

Little Dixie

2023ဇာတ်ကားအမှတ် 5.8/10105 မိနစ်

Doc Alexander ဟာ အမေရိကန်အထူးတပ်ဖွဲ့က အထက်အရာရှိတစ်ယောက်ဖြစ်ပြီး Billie Riggs နဲ့ နှစ်ပေါင်းများစွာ လက်တွဲလုပ်ကိုင်လာခဲ့သူပါ။ Billie ကလည်း ထက်မြက်တဲ့ အမျိုးသမီးအရာရှိတစ်ယောက်ဖြစ်ပြီး လိင်တူချစ်သူဖြစ်ပါတယ်။ သူတို့နှစ်ယောက်ဟာ အမေရိကန်နဲ့ မက္ကဆီကိုမူးယစ်ဂိုဏ်း Cartel တို့ကြားက စီးပွားရေးအဆက်အသွယ်တွေ ပြေလည်နေအောင် အပေးအယူလုပ်ပြီး ထိန်းပေးနေကြတယ်။ ဒါပေမဲ့ သူတို့ရဲ့အသိအကျွမ်း Richard Jeffs မြို့တော်ဝန်ဖြစ်လာတဲ့နောက် အဲဒီအပေးအယူတွေကို မသိဘဲ Cartel ခေါင်းဆောင်ရဲ့ညီကို ကွပ်မျက်လိုက်ပါတယ်။ Doc နဲ့ Billie တို့က အခြေအနေကို ပြန်ထိန်းဖို့ ကြိုးစားကြပေမယ့် ကိစ္စတွေက ပိုရှုပ်ထွေးလာပြီး နောက်ဆုံးမှာ Doc ဟာ သမီးဖြစ်သူ Little Dixie ကို ကယ်တင်ဖို့ပါ လုပ်ရပါတော့တယ်။ Doc Alexander အဖြစ် Frank Grillo ပါဝင်သရုပ်ဆောင်ထားပါတယ်။

ဇာတ်လမ်းအကြောင်း