ဇာတ်ကားများ ရွေးရန်

Tinker Bell and the Pirate Fairy

2014ဇာတ်ကားအမှတ် 6.9/1078 မိနစ်

Tinkerbell : Pirate Fairy (2014) ဒီတစ်ခါဇာတ်လမ်းလေးကလည်း Legend of the Neverbeast လို Tinkerbell အပေါ်ကို Focus ထားတဲ့ ဇာတ်အိမ်မဟုတ်ဘဲ Pixie Hollow ရဲ့ မျက်နှာသစ် Character တစ်ခုအကြောင်း ရိုက်ကူးပြသ ထားတဲ့ ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ Pixie Hollow ရဲ့ ဝေယျာဝစ္စအဝဝကို အောက်ခြေသိမ်းလုပ်ရတဲ့ လက်သမားနတ်သူငယ်တွေနည်းတူ ရွှေမှုန်ထိန်းသိမ်းရေးနတ်သူ ငယ်တွေဟာလည်း အားလုံးရဲ့အသက်သွေးကြောကို ထိန်းသိမ်းကိုင် တွယ်နေရတဲ့သူတွေပါပဲ။ အရေးကြီးပြီး အမှားမခံတဲ့အလုပ်မို့လို့ လုပ်ငန်းခွင်ကို အပိုအလိုမရှိစေဘဲ တိတိကျကျ အထွန့်မတက်ရတဲ့ ရှေးရိုးစွဲနည်းနဲ့ပဲ လည်ပတ်စေတာပေါ့။ စိတ်ကူးစိတ်သန်းကောင်းပြီး ကိုယ်တတ်ထားတဲ့ပညာကိုပိုနားလည်အောင် လေ့လာစမ်းသပ်လို စိတ်ပြင်းပြတဲ့ Zarina ကတော့ ဒီလိုစာအုပ်ကြီးစနစ်အမြင်နဲ့ အများ ကြားမှာ ကြောင်တောင်ကျားပါပဲ။ ပြဿနာအရှာကြမ်းပေမယ့် အထက်လူကြီးက ဆူရုံသာဆူပြီး အလျှော့ ပေးတာမို့ Zarina လည်း လက်ရဲဇက်ရဲရှိနေပါတယ်။ တစ်နေ့ .... လက် တည့်စမ်းမိရာကနေ အဆမတန်ကြီးထွက်လာတဲ့အပင်ကြောင့် တစ်ရွာ လုံးကုန်လုနီးနီးပြုန်းသွားတဲ့အခါ စေတနာကနေဝေဒနာဖြစ်သွားပြီး Zarina တစ်ယောက် Pixie Hollow ကနေ နှင်ထုတ်ခံလိုက်ရပါတယ်။ တစ်နှစ် ကြာသွားပြီးတဲ့နောက် .... Pixie Hollow တစ်ခုလုံး ပွဲတော်ကျင်းပနေချိန် ပွဲခင်းနောက်က ဘိန်းပန်းပင်တွေရှည်ထွက်လာတာကို Tinkerbell တို့အုပ် စုလှမ်းအကြည့် .... အငြှိုးနဲ့ပြန်လာတဲ့ Zarina ကို ကွက်ကွက်ကွင်းကွင်း မြင်လိုက်ရပြီးတဲ့အခါမှာတော့ . ကဲဇာတ်လမ်းလေးထဲဆက်လက်ကြည့် ရှုပါဦး ..... (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Hnin Wut Yi Myaing ဖြစ်ပါတယ်) File Size..........(1.62 GB) / (789 MB) Quality............BLU-RAY 1080p / 720p Duration.........1Hr 18Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Animation, Adventure, Family Translator.......Hnin Wut Yi Myaing Encoder..........SWM

ဇာတ်လမ်းအကြောင်း