The Princess and the Frog
The Princess and the Frog (2009) (4K) IMDB : 7.2 Rotten Tomatoes : 86% Genre : Family / Musical “မင်းသမီးလေးနှင့်ကိုရွှေဖား” ရုပ်ရှင်က Disney ရဲ့ အကောင်းဆုံး Animation တွေထဲကတစ်ခုဖြစ်ပါတယ်။ ပြောရရင်တော့ ဒီရုပ်ရှင်က ဇာတ်လိုက် တီယာနာနဲ့ မင်းသားတို့ထက် လော့တီကြောင့် ဇာတ်ကကြွတယ်လို့ပြောရရင် ပိုမှန်ပါလိမ့်မယ်။ “Spoiled but not Rotten” ဆိုတဲ့ စကားဟာ လော့တီကို တမင်ရည်ညွှန်းထားတယ်လို့တောင်ထင်ရလောက်အောင် ဖြစ်သွားစေတဲ့ ဇာတ်ကောင်တစ်ခုလည်းဖြစ်ပါတယ်။ တော်တော်လေးလည်းရယ်ရပြီး တော်တော်လေးလည်း သဘောကျစရာကောင်းတဲ့ Fairy Tale ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ပါတယ်။ ဇာတ်ညွှန်း ကလေးမလေးနှစ်ယောက်ရှိတယ်။ တစ်ယောက်က လော့တီ။ သူက လိုချင်တာမှန်သမျှရတယ်။ ရွှေပေါ်မြတင်နေရတဲ့ လိုတရ သူဌေးသမီးလေးတစ်ယောက်။ သူ့မှာသူငယ်ချင်းတစ်ယောက်ရှိတယ်။ သူက တီယာနာ။ တီယာနာကတော့ ဆင်းရဲတယ်။ လိုချင်တာရဖို့ ဘဝကိုတိုက်ပွဲဝင်ရတဲ့ မိသားစုမှာမွေးဖွားခဲ့တဲ့ ကလေးမလေး။ သူ့အဖေမှာ စိတ်ကူးတစ်ခုရှိတယ်။ အဲဒါကတော့ စားသောက်ဆိုင်လေးဖွင့်မယ်။ သူတို့ရဲ့လက်ရာကို တစ်ကမ္ဘာလုံးက လူတွေသူတို့ဆိုင်ကိုလာမယ်ပေါ့။ ဒါပေမဲ့ သူက အိမ်မက်တွေကို မတွေ့ခင် သေမင်းက သူ့ကိုအရင်ရှာတွေ့ခဲ့တယ်။ ဆိုတော့ သူ့အဖေရဲ့ အိမ်မက်ကိုဖြည့်ဆည်းပေးဖို့က တီယာနာရဲ့ခေါင်းပေါ်ကိုကျလာခဲ့တယ်။ ရသမျှအလုပ်ကိုလုပ်ရင်းနဲ့ စားသောက်ဆိုင်လေးဖွင့်ဖို့ ပိုက်ဆံကိုကြိုးစားစုခဲ့တယ်။ ဒါပေမဲ့ ချမ်းသာတဲ့လူတွေအတွက် စားသောက်ဆိုင်လေးတစ်ခုဖွင့်ဖို့ဆိုတာ ဘာမှမဟုတ်ပေမဲ့ တီယာနာအတွက်တော့ တက်ရမယ့်တောင်က တော်တော်လေးကိုမြင့်နေတယ်။ ပွဲတစ်ခုရှိတယ်။ အဲဒီပွဲကို မင်းသားလေး နီဗန်လည်းတက်မယ်တဲ့။ “ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်” မင်းသားလေးကို ငမ်းငမ်းတက်လိုချင်တဲ့လူတွေအများကြီး။ အဲထဲမှာမှ ငမ်းငမ်းကို ဒဘလယ်တက်တာက လော့တီပဲ။ ခက်တာက မင်းသားကလည်း နန်းတော်ကနေနှင်ချခံရပြီး ချွတ်ချုံကျတဲ့ ဘွတ်ကလုံမဖြစ်နေခဲ့တယ်။ ဒါကို လော့တီမသိခဲ့ဘူး။ လော့တီသိတာကတော့တစ်ခုပဲရှိတယ်။ အဲဒါကတော့ ယောကျ်ားလိုချင်တာ။ အဲဒီပွဲကြောင့်ပဲ တီယာနာရဲ့ စားသောက်ဆိုင်အိမ်မက်လေးက ပြည့်လုပြည့်ခင်ဖြစ်ခဲ့တယ်။ ခက်တာက မင်းသားလေးက ကျိန်စာကြောင့် တော်တော်ကိုစကားများတဲ့ ဖားလေးတစ်ကောင်ဖြစ်သွားတယ်။ အဲဒီမှာ တီယာနာနဲ့တွေ့ တီယာနာကို ဖားလေးကိုနမ်း ဖားကနေမင်းသားဖြစ် မင်းသားလေးနဲ့ညား… ဒီလိုမျိုးဖြစ်မယ်လို့ထင်ပေမဲ့ ဒီဇာတ်လမ်းက အဲလိုမျိုးဟုတ်မနေပြန်ဘူး။ ဘယ်လိုမျိုးဖြစ်သွားမှာလဲ။ ဇာတ်လမ်းက “မင်းသမီးနဲ့ ကိုရွှေဖား” သာဆိုတယ်။ ခုထိမင်းသမီးလည်းမပါဘူး။ လော့တီကလည်းမင်းသမီးမဟုတ်ဘူး။ တီယာနာဆိုပိုဆိုး။ ခုထိဖားတစ်ကောင်ပဲပါသေးတယ်။ ဘာတွေဆက်ဖြစ်လာမှာလဲ။ ဘယ်လိုတွေခွီရမလဲဆိုတာ ကြည့်လိုက်ကြပါခင်ဗျာ။ File size… 1.6 GB/ 800 MB Quality… BluRay 1080p & 720p Format… mp4 Duration…. 1h 37m Genre ..... Musical / Comdey / Romance Subtitle…. Myanmar Subtitle (Hard Sub)
ဇာတ်လမ်းအကြောင်း