ဇာတ်ကားများ ရွေးရန်

Tai Chi Hero

2012ဇာတ်ကားအမှတ် 6.1/10100 မိနစ်

Tai Chi Hero က ၂၀၁၂ ခုနှစ်မှာထွက်ရှိခဲ့တဲ့ Tai Chi Zero ရဲ့အဆက်ဖြစ်တဲ့အတွက် ကွန်ဖူးပရိသတ်တွေအတွက် သိုင်းအက်ရှင်တွေဝေဝေဆာဆာနဲ့ကြည့်ရမယ့် ရုပ်ရှင်ဇာတ်ကားပဲဖြစ်ပါတယ်။ ပထမကားအဆုံးမှာ ဇာတ်ဆောင်ယန်လုချန်က ချန်မိသားစုရဲ့လက်သီးသိုင်းပညာကို သင်ယူခွင့်ရဖို့အတွက် ချန်ချန်းရှင်းရဲ့သမီးဖြစ်တဲ့ ချန်ယွီနျန်( Angelababy) နဲ့လက်ထပ်ခဲ့ပါတယ်။ ဒီကားမှာတော့ လုချန်က ချန်မိသားစုဝင်ဖြစ်သွားတဲ့အတွက် ချန်မိသားစုသိုင်းပညာကို အပြင်းအထန်သင်ယူပါတော့တယ်။ ဒါပေမယ့် ရွာကိုမထင်မှတ်ပဲ ချန်မိသားစုရဲ့သားကြီးဖြစ်တဲ့ ချန်ကျိုက်ယန်း (William Feng)ပြန်ရောက်လာပြီး ရှေးရိုးစွဲအယူအဆတွေနဲ့ ယန်လုချန်ကို ချန်ရွာလေးကနေထွက်သွားအောင်ကြိုးစားရာကနေ မိသားစုအိမ်တွင်းပဋိပက္ခတွေစတင်လာခဲ့ပါတယ်။ တစ်ဖက်မှာလဲ အငြိုးအတေးရှိတဲ့ ဖန်းကျီကျင့် (Eddie Peng) ကအနောက်တိုင်းနည်းပညာတွေ အမြှောက်တပ်ထားတဲ့စက်မှုအင်အားတွေနဲ့ ချန်ရွာလေးကို အမြစ်ပြတ်ချေမှုန်းဖို့ပြန်ရောက်လာပါတယ်။ ရိုးရာသိုင်းပညာသက်သက်နဲ့ ခေတ်မီအမြှောက်တွေ သေနတ်တွေကိုဘယ်လိုခုခံမလဲဆိုတာ ဒီဇာတ်ကားရဲ့အသက်လို့ပြောလို့ရပါတယ်။ ဒီလိုနဲ့ရွာသူရွာသားတွေကိုကာကွယ်ဖို့ လုချန်ကသူ့ရဲ့ထူးခြားတဲ့သိုင်းပါရမီကိုအသုံးချပြီးတော့ ချန်မိသားစုရဲ့ထိုက်ချိသိုင်းရဲ့ အနှစ်သာရကိုဖော်ထုတ်ပြီး အားလုံးရှေ့ကိုထွက်ပြီးရပ်တည်လိုက်ပါတော့တယ်။ Filesize : 2.08 GB / 1.06 GB Quality : WEB-DL 1080p HEVC , 720p HEVC Format : mp4 Genres : Action and Adventure Runtime : 1h 40 min Subtitle : Myanmar Subtitle ( Hardsub )

ဇာတ်လမ်းအကြောင်း