Bad Behind Bars: Jodi Arias
ဒိုနာဗန်ဘယ်ရင်းနဲ့ ထရေစီဘရောင်းတို့ဟာ ထောင်တစ်ဆောင်တည်းမှာ နေကြတဲ့ အကျဉ်းသူတွေဖြစ်သလို ချစ်သူတွေလည်း ဖြစ်ကြပါတယ်။ ထရေစီက ဆတ်ဆတ်ထိမခံ၊ ရန်ဖြစ်ဖို့လည်း ဝန်မလေးသူမို့ သူနဲ့ပတ်သက်သူတွေဟာ တခြားအကျဉ်းသားတွေရဲ့ အနိုင်ကျင့်မှုကနေ သက်သာရာရကြတယ်။ ဒိုနာဗန်ကတော့ ယောက်ျားလျာပုံစံ နေတတ်ပေမယ့် အေးအေးဆေးဆေးရှိပြီး သဘောကောင်းသူပါ။ သူ့ပြစ်မှုကလည်း ထရေစီလောက် မကြီးတဲ့အတွက် ထောင်ထဲမှာ ကြာကြာနေရမှာ မဟုတ်ဘူး။ သူတို့နှစ်ယောက်ကြားကို ရောက်လာသူက ဂျိုဒီအာရီးယပ်စ်ပါ။ ဂျိုဒီဟာ ချစ်သူ ထရာဗစ်အလက်ဇန္ဒားကို ရက်ရက်စက်စက်သတ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ထောင်ထဲရောက်လာပြီး အပြီးသတ်အမိန့်ချမယ့်အချိန်ကို စောင့်နေရသူဖြစ်ပါတယ်။ ထောင်ဝန်ထမ်းတွေက သူ့ကို ထရေစီရဲ့အခန်းမှာ နေရာချပေးလိုက်တဲ့အခါ အစကတည်းက သူ့ကိုကြည့်မရတဲ့ ထရေစီနဲ့ ပြဿနာတက်တော့တယ်။ ဒါပေမဲ့ ဂျိုဒီတတ်ထားတဲ့ တက်တူးပညာကြောင့် မကြာခင်မှာပဲ ထရေစီနဲ့ ပြေလည်လာသလို ဒိုနာဗန်နဲ့ပါ ခင်မင်သွားပြီး သုံးယောက်သား တတွဲတွဲဖြစ်လာကြပါတယ်။ အဲဒီလိုနေကြရင်း ဒိုနာဗန်ရဲ့ အပြီးသတ်ပြစ်ဒဏ်ကို ချမှတ်လိုက်တဲ့အခါ လျှော့ရက်တွေကြောင့် ထင်ထားတာထက် စောစောလွတ်ဖို့ ဖြစ်လာတယ်။ တစ်ဖက်မှာလည်း ထရေစီနဲ့ ဒိုနာဗန်တို့ ချစ်ကြိုက်နေတဲ့အတွက် သူတို့ကိုခွဲပြီး ထရေစီကို တခြားထောင်ဆီ ပြောင်းလိုက်ပါတယ်။ အဲဒီနောက် ဂျိုဒီက တီဗီအင်တာဗျူးတွေမှာ သူ့အပြစ်ကင်းကြောင်း ပြောလာသလို ထောင်ဝန်ထမ်းတွေနဲ့လည်း ပတ်သက်မှုတွေ ရှိလာတယ်။ အပြင်ရောက်သွားတဲ့ ဒိုနာဗန်ကို ဆက်သွယ်ပြီး သူ့အတွက် သက်သာရာရဖို့၊ ပြစ်ဒဏ်လျော့ဖို့ နည်းမျိုးစုံနဲ့ ကြိုးစားလာပါတယ်။ ဂျိုဒီဟာ တကယ်ပဲ အပြစ်ကင်းသူလား၊ တကွဲတပြားဖြစ်သွားတဲ့ သူတို့သုံးယောက်ရဲ့ ဆက်ဆံရေးက အရင်လို ပြန်ဖြစ်နိုင်ဦးမလား၊ လွတ်သွားတဲ့ ဒိုနာဗန်ကရော ဘာတွေထပ်ကြုံရမလဲဆိုတာ ဆက်ကြည့်ရမှာပါ။ ၂၀၂၃ ခုနှစ်ထွက် ဒီမှုခင်းဒရာမာကားမှာ ထရေစီယာဘလက်ခ်၊ ဆယ်လီနာဆင်းဒန်နဲ့ လင်းရက်ဖာတီတို့ ပါဝင်ထားပြီး ကြာချိန်က တစ်နာရီခွဲဖြစ်ပါတယ်။
ဇာတ်လမ်းအကြောင်း