The Departed
The Departed (2006) (Only in Bioscope) IMDB : 8.5 Rotten Tomatoes : 91% Genre : Crime / Thriller The Departed ရုပ်ရှင်ဟာ ဒါရိုက်တာကြီး Martin Scorsese ရိုက်ကူးထားတဲ့ Crime ရုပ်ရှင်ကားကောင်းတစ်ကားဖြစ်ပါတယ်။ ဒီရုပ်ရှင်ဟာ Cast အနေနဲ့ပဲကြည့်မလား၊ Plot အရပဲကြည့်မလား တော်တော်လေးကို ပြီးပြည့်စုံနေတဲ့ ရုပ်ရှင်တစ်ခုဖြစ်ပါတယ်။ “ရုပ်ရှင်ဆိုတာ ကျွန်တော်တို့ရဲ့ နှလုံးသားကို ကိုင်လှုပ်ပြီး အမြင်တွေကို ဆန်းသစ်ပြောင်းလဲပေးတဲ့ အရာတစ်ခုဖြစ်ပါတယ်။ ရုပ်ရှင်တွေက ကျွန်တော်တို့မရောက်ဖူးတဲ့ နေရာတွေကို ခေါ်ဆောင်သွားပေးတယ်။ တံခါးအသစ်တွေကိုဖွင့်ပေးတယ်။ ရုပ်ရှင်ဆိုတာ ဘဝတစ်သက်တာရဲ့ မှတ်ဉာဏ်တွေပါပဲ။ ရုပ်ရှင်တွေကို ရှင်သန်အောင် အမြဲတမ်းထားရမယ်။” ဒါကတော့ Martin Scorsese ပြောခဲ့တဲ့ စကားဖြစ်ပါတယ်။ ဒီရုပ်ရှင်က တစ်သက်လုံးအမှတ်ရနေမယ့် ရုပ်ရှင်မျိုးပါ။ ကြည့်ဖြစ်အောင်ကြည့်ကြည့်လိုက်ပါ။ ဇာတ်ညွှန်း ကော်လင် ဆာလီဗန်နဲ့ ဝီလီယမ် ကော်စတီဂမ်ဂျူနီယာက ရဲသင်တန်းက သင်တန်းသားနှစ်ယောက်ဖြစ်ပါတယ်။ ဒါပေမဲ့ မတူတဲ့ကာလနှစ်ခုမှာ တက်ခဲ့ရတဲ့ သင်တန်းသားနှစ်ယောက်ဖြစ်လို့ တစ်ယောက်နဲ့တစ်ယောက် မသိကြပါဘူး။ ကော်လင်ဆာလီဗန်မှာ ငယ်ဘဝက အဖေလိုနေခဲ့တဲ့ လူတစ်ယောက်ရှိတယ်။ သူက လူဆိုးဂိုဏ်းခေါင်းဆောင် ဖရန့်ခ်ကော်စတယ်လို။ ကော်လင်ဆာလီဗန်ကရဲဖြစ်သွားတော့ ဖရန့်ခ်ရဲ့လက်ကိုင်တုတ်က ရဲဌာနထဲကို ရောက်သွားတယ်လို့တောင် ပြောလို့ရသွားတယ်။ ဝီလီယမ်ရဲအကယ်ဒမီကဆင်းတော့ ကပ္ပတိန် ကွီနန်ရဲ့အောက်ကိုရောက်သွားတယ်။ ကွီနန်ရဲ့အောက်မှာ တစ်လောကလုံးကို အမြင်မကြည်တဲ့ ဆာဂျင် ဒစ်ဂနမ်ဆိုတဲ့လူတစ်ယောက်ရှိပြန်တယ်။ ဝီလီယမ်ကို သူတို့နှစ်ယောက်က Undercover အေးဂျင့်အဖြစ်တာဝန်ပေးအပ်ခဲ့ပြီး ဂိုဏ်းရဲ့ယုံကြည်မှုကိုရအောင် ယူခိုင်းတယ်။ ဒီလိုနဲ့ ဝီလီယမ်က ဂိုဏ်းကိုစုံစမ်းတဲ့ သူလျှိုဖြစ်သွားတယ်။ ဒီဘက်မှာလည်း ဂိုဏ်းထဲက သူလျှို ကော်လင်ကလည်း ရဲဌာနထဲ မွှေပြန်တယ်။ ဒီလိုနဲ့ ဌာနတွင်းအရှုပ်တော်ပုံ၊ ဂိုဏ်းတွင်းအရှုပ်တော်ပုံတွေကို ဒါရိုက်တာကြီး Martin Scorsese ဘယ်လိုများ ချပြသွားမှာလဲ၊ ဘယ်လိုမျိုး စိတ်ဝင်စားအောင်ရိုက်ပြသွားမှာလဲဆိုတာကို ခံစားကြည့်လိုက်ကြပါ။ ဒီရုပ်ရှင်က English စကားလေ့လာနေတဲ့ လူတွေအနေနဲ့လည်း ကြည့်သင့်ပါတယ်။ “Fuvk” ဆိုတဲ့စကားလုံးကလည်း ၅လုံးမှာ ၁ လုံးလောက်ပါနေတာမလို့ စကားပြောတာတွေက တော်တော်လေးနားထောင်လို့ကောင်းပါတယ်။ အမိုက်ဆုံးကတော့ Mark Wahlberg ရဲ့ဇာတ်ကောင် ဒစ်ဂနမ်ပါပဲ။ Mark Wahlberg က အဲဒီလို ဇာတ်ကောင်တွေနဲ့ဆို တော်တော်လေးကိုလိုက်ပါတယ်။ ရွဲ့တဲ့တဲ့၊ ခပ်စောင်းစောင်း ဇာတ်ကောင်မျိုးပါ။ ကော်စတယ်လိုအဖြစ် မင်းသား Jack Nicholson ကော်လင်အဖြစ် မင်းသား Matt Damon ဝီလီယမ်အဖြစ် မင်းသား Leonardo DiCaprio ဒစ်ဂနမ်အဖြစ် မင်းသား Mark Wahlberg ကွီနန်အဖြစ် မင်းသား Martin Sheen ကပ္ပတိန် အယ်လာဘီအဖြစ် မင်းသား Alec Baldwin တို့က မြိုင်မြိုင်ဆိုင်ဆိုင်ကြီးကိုသရုပ်ဆောင်ထားပါတယ်။ ခံစားကြည့်လိုက်ကြပါ။ File size… 2.5 GB/ 1 GB Quality… BluRay 1080p/ 720p Format… mp4 Duration…. 2h 31m Genre ..... Crime / Thriller Subtitle…. Myanmar Subtitle (Hard Sub)
ဇာတ်လမ်းအကြောင်း