Bloody Daddy
ကိုဗစ်ကာလအတွင်း ဇာတ်အိမ်တည်ထားတဲ့ Bloody Daddy မှာ ရှာဟစ်ဒ်ကပူးရ်က မူးယစ်ထိန်းချုပ်ရေးဌာနဝန်ထမ်း ဆူမေးရ်အဖြစ် ပါဝင်ထားပါတယ်။ ဆူမေးရ်က ဇနီးနဲ့ကွဲနေပြီး သားနဲ့အတူ နေပေမယ့် သားအဖနှစ်ယောက်လည်း သိပ်အဆင်မပြေကြပါဘူး။ တစ်ရက်မှာ အလုပ်တူသူငယ်ချင်းတစ်ယောက်နဲ့အတူ မူးယစ်ဂိုဏ်းတစ်ခုရဲ့ ကိုကင်းသယ်လာတဲ့ကားကို ဖြတ်လုလိုက်တယ်။ အဲဒီနောက် ဂိုဏ်းခေါင်းဆောင်က ဆူမေးရ်ရဲ့သားကို ပြန်ပေးဆွဲပြီး သူယူသွားတဲ့ ကိုကင်းအိတ်နဲ့ ပြန်လဲဖို့ တောင်းဆိုလာပါတယ်။ သားကို ပြန်ကယ်ဖို့ လုပ်နေရတဲ့အချိန်မှာ အဂတိတိုက်ဖျက်ရေးဌာနက အရာရှိ အာဒီတီကလည်း ဆူမေးရ်ကို မသင်္ကာလို့ နောက်ကနေ လိုက်စုံစမ်းနေတယ်။ အတူလုပ်ခဲ့တဲ့ သူငယ်ချင်းကပါ သစ္စာဖောက်သွားတော့ ဆူမေးရ်တစ်ယောက် သားကို ကယ်နိုင်ပါ့မလား၊ သူကိုယ်တိုင်ပဲ ရဲတွေရဲ့ ဖမ်းဆီးမှုကို ခံရမလားဆိုတဲ့ အခြေအနေထဲ ရောက်လာပါတယ်။
ဇာတ်လမ်းအကြောင်း