Kon-Tiki
၁၉၄၇ ခုနှစ်က ဖြစ်ရပ်မှန်ကို အခြေခံထားတဲ့ ဒီဇာတ်ကားထဲက စူးစမ်းရှာဖွေရေးသမား သောရ်ဟာ ရေမကူးတတ်ပေမယ့် ပစိဖိတ်သမုဒ္ဒရာကို ဖောင်တစ်စင်းနဲ့ ဖြတ်ဖို့ စိတ်ကူးခဲ့သူပါ။ သူဟာ ဇနီးနဲ့အတူ ပိုလီနီရှားကျွန်းတွေမှာ ဆယ်နှစ်ကြာ နေထိုင်သုတေသနလုပ်ပြီး စာတမ်းတွေ ပြုစုခဲ့တယ်။ အဲဒီကနေ ပိုလီနီရှားဒေသခံတွေရဲ့ မူလအစဟာ အာရှဘက်ကမဟုတ်ဘဲ တောင်အမေရိကဘက်က ဖြစ်မယ်ဆိုတဲ့ သီအိုရီကို တင်ပြလာပါတယ်။ ဒါပေမဲ့ သူ့အယူအဆကို လူတွေက လက်မခံကြဘူး။ ပရော်ဖက်ဆာတစ်ယောက်က သက်သေပြချင်ရင် ရှေးဒေသခံတွေလို ဖောင်တစ်စင်းနဲ့ ပီရူးကနေ ပိုလီနီရှားအထိ သွားပြဖို့ ပြောလိုက်တဲ့အခါ သောရ်က တကယ်လုပ်ဖို့ ပြင်ဆင်တော့တယ်။ သင်္ဘောသားတွေကို လိုက်စည်းရုံးပေမယ့် အသက်အန္တရာယ်များလွန်းတယ်ဆိုပြီး ငြင်းကြတယ်။ နောက်တော့ ရေခဲသေတ္တာရောင်းနေတဲ့ အင်ဂျင်နီယာတစ်ယောက်နဲ့ ဆုံဖြစ်ပြီး ရေဒီယိုသမားမိတ်ဆွေနှစ်ယောက်၊ ပင်လယ်ထွက်ဖူးတဲ့ ငယ်သူငယ်ချင်းတစ်ယောက်နဲ့ ကင်မရာအကြောင်း နားလည်သူတစ်ယောက်ပါ အဖွဲ့ထဲ ရောက်လာကြပါတယ်။ လူစုပြီးသွားပေမယ့် ခရီးထွက်ဖို့ ငွေကြေးအထောက်အပံ့ ရှာရသေးတယ်။ သူတို့စီးမယ့် ကွန်တီကီက ဗော်လဆာသစ်နဲ့ ဆောက်ထားတဲ့ ဖောင်ငယ်တစ်စင်းပါ။ သောရ်ဟာ လိုအပ်တဲ့ငွေကို ဘယ်လိုရှာမလဲ၊ မိုင်ငါးထောင်ကျော်ခရီးကို ဒီဖောင်နဲ့ သွားနိုင်ပါ့မလားဆိုတာကလည်း မသေချာသေးဘူး။ ပင်လယ်ထဲမှာ မုန်တိုင်း၊ ငါးမန်း၊ ဝေလငါး၊ သန္တာကျောက်တန်းတွေအပြင် လမ်းပျောက်နိုင်တဲ့ အန္တရာယ်ကိုပါ ထည့်တွက်ရမှာဖြစ်ပါတယ်။ ဒီခရီးစဉ်အကြောင်း သောရ်ကိုယ်တိုင် ရိုက်ကူးထားတဲ့ မှတ်တမ်းရုပ်ရှင်က ၁၉၅၁ ခုနှစ်မှာ အကယ်ဒမီဆု ရခဲ့ပါတယ်။ အခု ဇာတ်လမ်းရုပ်ရှင်အဖြစ် ပြန်ရိုက်ထားတဲ့ကားကလည်း ၂၀၁၃ ခုနှစ်မှာ နိုင်ငံခြားရုပ်ရှင်ဆုအတွက် စကာတင်ဝင်ခဲ့ပါတယ်။
ဇာတ်လမ်းအကြောင်း