Two Sinners and a Mule
မြို့တစ်မြို့မှာ လိင်လုပ်သားအမျိုးသမီးနှစ်ယောက်ဟာ ယောက်ျားတွေအကြား ရေပန်းစားနေကြပါတယ်။ အဲဒါကို မကျေနပ်တဲ့ မြို့ခံမိန်းမတွေက သူတို့နှစ်ယောက်ကို နှင်ထုတ်ဖို့ ဆန္ဒပြကြတယ်။ မြို့ဝန်ရဲ့ခုံအောက်ကနေ ထွက်လာပြီး ပြဿနာထပ်ဖြစ်ကြတဲ့နောက်မှာတော့ သူတို့နှစ်ယောက်လုံး မြို့ကနေ နှင်ထုတ်ခံလိုက်ရပါတယ်။ နောက်တစ်မြို့ကို သွားဖို့ ကန္တာရကို ဖြတ်ကြရင်း လမ်းမှာ ကျည်ဒဏ်ရာတွေ အများကြီးရထားတဲ့ လူတစ်ယောက်ကို တွေ့ပြီး ကယ်ပေးလိုက်ကြတယ်။ သူက အဲဒီကန္တာရထဲမှာ ကျက်စားနေတဲ့ နာမည်ကြီးလူဆိုးကို လိုက်ဖမ်းနေတဲ့ ဆုကြေးစားမုဆိုး ဖြစ်နေပါတယ်။ လူဆိုးအတွက် ထုတ်ထားတဲ့ဆုကြေးက ဒေါ်လာနှစ်ထောင်ပါ။ လက်ရှိဘဝကနေ လွတ်မြောက်ချင်နေတဲ့ အမျိုးသမီးနှစ်ယောက်ဟာ ဆုကြေးစားမုဆိုးနဲ့ ပူးပေါင်းပြီး အဲဒီလူဆိုးကို ဖမ်းဖို့ ကြံစည်ကြတော့တယ်။ သူတို့ရဲ့စွန့်စားခန်းကို အက်ရှင်၊ ဟာသနဲ့ ဒရာမာရောပြီး ရိုက်ထားတဲ့ ဝက်စတန်ကားပါ။
ဇာတ်လမ်းအကြောင်း