ဇာတ်ကားများ ရွေးရန်

The Road to Mandalay

2016ဇာတ်ကားအမှတ် 7.2/10108 မိနစ်

စာအုပ်တစ်အုပ်ကို ကာဗာ ကိုကြည့်ပြီး မဆုံးဖြတ်ပါနဲ့ ဆိုတဲ့စကားတော့ တကယ်လက်ခံသွားပါပြီ ။ အမှန်အတိုင်းပြောရရင် JoJo က ဘာသာပြန်နေရင်းနဲ့ ဒီကားကောင်းကို သာမန်ပဲထင်ခဲ့တာပါ ။ မင်းသမီးကလည်း သိပ်မချောတော့လေ. .. (ဒါပေမဲ့ Google ခေါက်တော့မှ အထင်နဲ့အမြင်လွဲတာဆိုတာ ... ) ဒီကားလေးက The Lady ကားကိုထုတ်လုပ်ခဲ့တဲ့ Myanmar Montage Film Production ကပါ ။ နိုင်ငံတကာ ဆုပေါင်း (၁၉) ဆု ဇကာတင်စာရင်းဝင်ခဲ့ပြီး အကောင်းဆုံးဇာတ်ကားဆု ၊ ထုတ်လုပ်ရေးဆု၊ အမျိုးသားဇာတ်ဆောင်ဆု နဲ့ အကောင်းဆုံး ဒါရိုက်တာဆု ရရှိခဲ့ပါတယ် ။ နည်းနည်းတော့ ဖြုံသွားပြီး ... အဲ့လောက်တောင်လားပေါ့ ? တကယ် အဲ့လောက်တောင်ပါ ... ဇာတ်လမ်းလေးက မြန်မာနိုင်ငံကနေ ထိုင်းဘက်ကို တရားမဝင်သွားရောက်နေထိုင် အလုပ်လုပ်ကိုင်တဲ့ အကြောင်းလေးပါ ။ မင်းသမီးက ရည်မှန်းချက်ကြီးတဲ့သူပါ။ ထိုင်းမှာ အလုပ်လုပ်ဖို့က အလုပ်ပါမစ်လိုပါသတဲ့။ အဲ့အလုပ်ပါမစ်အတွက် မင်းသမီးက အသေရရ အရှင်ရရ ကြိုးစားပါတော့တယ်။ သူ့ရည်မှန်းချက်က ထိုင်းပတ်စပို့ပါယူပြီး ထိုင်ဝမ်ပါသွားမယ်ဆိုပဲ ။ သူ့ကောင်လေးကတော့ ရိုးရိုးရှင်းရှင်း ထိုင်းမှာပိုက်ဆံစုမယ်။ ပြီးရင် မြန်မာပြည်ပြန်မယ်. . . ဒီလောက်ပါပဲ မြန်မာစကားတစ်ခွန်းမှမပြောပါဘူး.. (သရုပ်ဆောင်တွေက ထိုင်ဝမ်ကပါ) ဒါပေမဲ့ မြန်မာမှာဖြစ်ပျက်တဲ့အတိုင်း တစ်ပုံစံတည်းရိုက်ကူးနိုင်ခဲ့ပါတယ် ။ နယ်စပ်မှာ ဖြစ်ပျက်နေတဲ့ တရားမဝင်ဝင်ရောက်သူတွေရဲ့ ဇာတ်လမ်းလေးကို အကွက်ကျကျ ရိုက်ပြသွားတာပါ ။ ကယ်ဟတ်ထိပါတယ် ။ ဇာတ်လမ်းလေးရဲ့နောက်ဆုံးအပိုင်းတော့ JoJo ဘာသာပြန်ရင်း နှစ်ခါတောင်ပြန်ကြည့်လိုက်ရတယ်။ အဆုံးသတ်လေးကို ဒါရိုက်တာရိုက်ပြသွားတာ အံ့ဩလွန်းလို့ပါ ။ ။ ကဲ အညွှန်းလည်းရှည်သွားပြီ... ကြည့်လို့အဆင်ပြေတဲ့ကားကောင်းလေးတစ်ကားမို့ ကြိုက်ကြမယ်လို့ထင်ပါတယ်နော် ။ ။ File Size - 747MB Subtitle - Myanmar (Hardsub) Translated by - Jo Jo Va Encoded by - August

ဇာတ်လမ်းအကြောင်း