The Son of No One
ရဲတစ်ယောက်ဖြစ်တဲ့ အဖေဆုံးသွားပြီးနောက် ဂျွန်နသန်ဝွိုက်က အဘွားနဲ့အတူ မူးယစ်ဆေးသုံးသူတွေ ပေါများတဲ့ ပတ်ဝန်းကျင်မှာ နေခဲ့ရပါတယ်။ တစ်နေ့မှာ မူးယစ်ဆေးသုံးသူတစ်ယောက်ကို မတော်တဆ သေနတ်နဲ့ ပစ်သတ်မိပြီး သူငယ်ချင်း ဗင်နီ၊ ဗစ်ကီတို့နဲ့အတူ အလောင်းကို သွားစွန့်ပစ်လိုက်ကြတယ်။ ဒါကို သူတို့တိုက်မှာနေတဲ့ လူတစ်ယောက်က သိသွားပြီး နောက်တစ်နေ့မှာ ဂျွန်နသန်ကို ငွေညှစ်လာပါတယ်။ အဲဒီလူကိုလည်း မတော်တဆ လှေကားပေါ်ကနေ တွန်းချမိလို့ နောက်ထပ်လူတစ်ယောက် သေဆုံးသွားပြန်တယ်။ ဒီလူသတ်မှုနှစ်ခုကို စုံစမ်းရသူက ဂျွန်နသန့်အဖေရဲ့ တွဲဖက်ဟောင်း စုံထောက်စတန်းဖို့ ဖြစ်နေပြီး သူက အမှုတွေကို ဖုံးကွယ်ပေးကာ ပိတ်လိုက်ပါတယ်။ နှစ်ပေါင်းများစွာကြာတော့ ဂျွန်နသန်ကိုယ်တိုင်လည်း ရဲတစ်ယောက်ဖြစ်လာပြီး မိသားစုနဲ့ အေးအေးချမ်းချမ်း နေနေခဲ့တယ်။ ဒါပေမဲ့ အတိတ်က အမှုတွေ ပြန်ပေါ်လာတဲ့အခါ အရင်က ဖုံးထားခဲ့သမျှကို ပြန်ရင်ဆိုင်ရပါတော့တယ်။ ဒီကိစ္စတွေကို ပြန်ဖော်လာသူက ဘယ်သူလဲ၊ စုံထောက်စတန်းဖို့မှာ ဘယ်လိုလျှို့ဝှက်ချက်တွေ ရှိနေသလဲ၊ ဂျွန်နသန်ကရော အတိတ်ကို ဘယ်လိုရင်ဆိုင်မလဲ။
ဇာတ်လမ်းအကြောင်း