Out of the Furnace
ရပ်ဆဲလ်ဗေ့ဇ်ဟာ အမေရိကန် နယ်မြို့လေးတစ်မြို့က စတီးစက်ရုံအလုပ်သမားတစ်ယောက်ပါ။ သာမန်ဘဝလေးမှာ ရိုးရိုးရှင်းရှင်း နေထိုင်ဖို့ ကြိုးစားနေပေမယ့် မမျှော်လင့်ထားတဲ့ ကားတိုက်မှုတစ်ခုကြောင့် ထောင်ကျသွားခဲ့တယ်။ အဲဒီနောက်မှာတော့ ဖခင်က ဆုံးပါး၊ ချစ်သူနဲ့လည်း အဆင်မပြေတော့ဘဲ သူ့ဘဝမှာ ဆုံးရှုံးမှုတွေ ဆက်တိုက်ကြုံလာရပါတယ်။ တစ်ဦးတည်းသော ညီလေးကလည်း လောင်းကစားအကြွေးတွေ ပိနေပြီး ကြေးစားလက်ဝှေ့ ထိုးနေရသူပါ။ လူဆိုးဂိုဏ်းတစ်ခုဆီက အပြန်မှာ ညီလေး ရုတ်တရက်ပျောက်ဆုံးသွားတဲ့အခါ ရပ်ဆဲလ်တစ်ယောက် လိုက်ရှာရပါတော့တယ်။ ရပ်ဆဲလ်အဖြစ် Christian Bale သရုပ်ဆောင်ထားပြီး Casey Affleck နဲ့ Zoe Saldaña တို့လည်း ပါဝင်ထားတဲ့ မှုခင်းဒရာမာကားပါ။
ဇာတ်လမ်းအကြောင်း