ဇာတ်ကားများ ရွေးရန်

Shadows in the Palace

2007ဇာတ်ကားအမှတ် 7.0/10112 မိနစ်

ဒီဇာတ်လမ်းထဲက နန်းတွင်းသူတွေဟာ နန်းထဲဝင်လိုက်တာနဲ့ ကိုယ့်ဘဝကို ဘုရင့်အတွက် ပုံအပ်ကြရပြီး အပျိုစင်ဘဝကိုလည်း ထိန်းသိမ်းရပါတယ်။ နန်းပြင်ကို အသက်ရှင်လျက် ပြန်ထွက်ခွင့်မရှိဘဲ ဘုရင့်ပိုင်ပစ္စည်းတစ်ခုလို နေထိုင်ကြရသူတွေပါ။ အဲဒီနန်းတွင်းမှာ ဝေါ်လျောင်ဆိုတဲ့ နန်းတွင်းသူတစ်ယောက် ကိုယ့်ကိုယ်ကို သတ်သေထားတဲ့ပုံစံနဲ့ သေဆုံးနေတာကို တွေ့ကြတယ်။ အလောင်းကို စစ်ဆေးတဲ့ ဆေးအကူကတော့ ဒါဟာ သတ်သေမှုမဟုတ်ဘဲ စီစဉ်ကျူးလွန်ထားတဲ့ လူသတ်မှုဖြစ်ကြောင်း သိသွားပါတယ်။ ဒါ့အပြင် ဝေါ်လျောင်မှာ ကလေးမွေးထားတဲ့ လက္ခဏာတွေကိုပါ တွေ့ရတယ်။ အမှန်တရားကို ဖော်ထုတ်ဖို့ ကြိုးစားတဲ့အခါမှာတော့ အမျိုးမျိုး နှောင့်ယှက်တားဆီးခံလာရပါတယ်။ ဝေါ်လျောင်ကို ဘယ်သူက ဘာကြောင့် သတ်ခဲ့တာလဲ၊ ဒီအမှုကို ဘာလို့ ဖုံးကွယ်ထားချင်ကြတာလဲဆိုတဲ့ မေးခွန်းတွေနောက်မှာ နန်းတွင်းအရှုပ်အထွေးတွေ ရှိနေပါတယ်။ မိဖုရားအချင်းချင်း အားပြိုင်မှု၊ ကြီးနိုင်ငယ်ညှဉ်းပြုမှုနဲ့ အာဏာရဖို့ လူသတ်ရမှာကိုတောင် ဝန်မလေးသူတွေအကြောင်းကို ဖော်ပြထားတဲ့ မှုခင်းဒရာမာကားပါ။

ဇာတ်လမ်းအကြောင်း