ဇာတ်ကားများ ရွေးရန်

Ocean Heaven

2010ဇာတ်ကားအမှတ် 7.6/1096 မိနစ်

မိဘတစ်ယောက်ဖြစ်ရတာ ခက်ခဲပါတယ်။ ‌Autistic တစ်ယောက်ရဲ့ မိဘဖြစ်ရတာ ပိုခက်ခဲပါတယ်။ ဒီကားထဲမှာတော့ အော်တစ်ဇင်ဖြစ်နေတဲ့သားဖြစ်သူကို ဖခင်တစ်ယောက်တည်းက ပြုစုစောင့်ရှောက်ရတဲ့အခါ ဖြစ်ပေါ်လာတဲ့ အခက်အခဲတွေကို တင်ဆက်ထားတာပါ။ ဝမ်ရှင်းချန်ဟာ တာ့ဖုဆိုတဲ့ အော်တစ်ဇင်ကောင်လေးရဲ့ဖခင်ပါ။ Special child တစ်ယောက်ရဲ့ ဖခင်ဖြစ်ရတာ မလွယ်ပါဘူး။ သားဖြစ်သူ အသက် ၂၁ နှစ်ရောက်တဲ့အထိ သားအဖနှစ်ယောက်တည်း ရုန်းကန်ပြီး ရှင်သန်နေထိုင်ခဲ့ရပါတယ်။ ဒါပေမဲ့ တစ်နေ့မှာ ဒီသားအဖနှစ်ယောက်ကြားကို ပြဿနာတစ်ခုဝင်လာခဲ့ပါတယ်။ ဝမ်ရှင်းချန်တစ်ယောက် အသည်းကင်ဆာ နောက်ဆုံးအဆင့်ဖြစ်နေပြီး အသက်ဆက်ရှင်ဖို့ ၄ လလောက်သာကြာတော့မှန်း သိလိုက်ရတဲ့အခါ。。。 ဖခင်တစ်ယောက်ရဲ့သောက‌တွေနဲ့ ဝမ်ရှင်းချန်တစ်ယောက် တာ့ဖုလေး သူမရှိဘဲ အသက်ရှင်နေထိုင်နိုင်ဖို့ ဘယ်လိုကြိုးစားပြီးသင်ပေးမလဲ?? အက်ရှင်မင်းသားကြီး ဂျက်လီရဲ့ ဒရာမာဇာတ်လမ်းလေး Ocean Heaven မှာ ဆက်လက်ရှုစားကြည့်ကြပါဦး။ Quality.....WebRip 1080p / 720p File Size.....(3.2 GB) / (1.2 GB) Duration.....01:36:00

ဇာတ်လမ်းအကြောင်း