Sanctum
ဖရန့်ခ် မက်ဂွိုင်းယားက ကမ္ဘာပေါ်မှာ အလေးစားခံရတဲ့ ဂူတွင်းရေငုပ်သမားတစ်ယောက်ပါ။ သားဖြစ်သူ ဂျော့ရှ်နဲ့အတူ အက်ဆာလာလိုဏ်ဂူကြီးရဲ့ ဂူလမ်းကြောင်းတွေနဲ့ မြစ်တွေကို လေ့လာဖို့ ရောက်နေကြတယ်။ သားအဖနှစ်ယောက်ကြား ကတောက်ကဆဖြစ်နေချိန်မှာပဲ မုန်တိုင်းတစ်ခု ဝင်လာပါတယ်။ မုန်တိုင်းကြောင့် မြေပြင်အောက် မီတာ ၂၀၀၀ မှာရှိတဲ့ အခြေစိုက်စခန်းထဲ ပိတ်မိသွားကြတယ်။ ဂူထဲကို ရေတွေ အလုံးအရင်းနဲ့ စီးဝင်လာတော့ ဖရန့်ခ်တို့အဖွဲ့ အသက်ရှင်ဖို့ လမ်းရှာရပါတော့တယ်။ ရေနစ်မသေဘဲ မြေပြင်ပေါ် ပြန်ရောက်နိုင်ဖို့ ကြိုးစားရင်း သူတို့ရဲ့ တစ်ခုတည်းသော မျှော်လင့်ချက်ဖြစ်တဲ့ ပင်လယ်ဆီကို ရောက်ဖို့ အတားအဆီးတွေကို ဘယ်လိုကျော်ဖြတ်ကြမလဲဆိုတာ ဆက်တွေ့ရမှာပါ။
ဇာတ်လမ်းအကြောင်း