Anthropoid
နာဇီအုပ်ချုပ်မှုအောက် ရောက်နေတဲ့ ချက်ကိုစလိုဗားကီးယားမှာ ဆန့်ကျင်သူတွေက ဆက်လက်ခုခံတော်လှန်နေကြပါတယ်။ သူတို့ကို နှိမ်နင်းဖို့ ဟစ်တလာက ဗိုလ်ချုပ်ကြီး Reinhard Heydrich ကို ပရာ့ဂ်မြို့ဆီ စေလွှတ်ခဲ့တယ်။ အဲဒီဗိုလ်ချုပ်ကြီးကို လုပ်ကြံဖို့ ချက်ဇ်အစိုးရက စီစဉ်တဲ့ စစ်ဆင်ရေးအမည်ဟာ Anthropoid ပါ။ ဒီဖြစ်ရပ်မှန်ကို အခြေခံထားတဲ့ ရုပ်ရှင်မှာ လုပ်ကြံမှုကို ဦးဆောင်သူနှစ်ယောက်အဖြစ် Jamie Dornan နဲ့ Cillian Murphy တို့ သရုပ်ဆောင်ထားကြပါတယ်။ နာဇီအာဏာပိုင်တစ်ယောက်ကို လုပ်ကြံဖို့ သူတို့ ဘယ်လိုစီစဉ်လှုပ်ရှားကြမလဲ၊ စစ်ဆင်ရေးက ဘယ်လိုအဆုံးသတ်သွားမလဲဆိုတာကို ဒုတိယကမ္ဘာစစ်ကာလ နောက်ခံနဲ့ ရိုက်ကူးထားပါတယ်။
ဇာတ်လမ်းအကြောင်း