ဇာတ်ကားများ ရွေးရန်

The SZN

2023ဇာတ်ကား90 မိနစ်

ရိုမန် ပယ်ရီဟာ ဖခင်ရဲ့ မာနကြီးမှု၊ စိတ်ကြီးဝင်မှုတွေကြောင့် မိသားစုကို မုန်းတီးနေသူပါ။ အလုပ်ကလူတွေကိုတောင် မိဘနှစ်ပါး ကားမတော်တဆမှုနဲ့ ဆုံးသွားပြီ၊ သူက တစ်ဦးတည်းသောသားပါလို့ လိမ်ထားတယ်။ မွေးချင်းတွေဖြစ်တဲ့ လန်ဒန်နဲ့ အဗ်ဗာရိုစ်တို့ကိုလည်း အဆက်အသွယ်ဖြတ်ပြီး အလုပ်ကိုပဲ အာရုံစိုက်နေခဲ့ပါတယ်။ တစ်နေ့ သူ့ရုံးခန်းကို လူတစ်ယောက်ရောက်လာပြီး အစ်ကိုဖြစ်သူ အဗ်ဗာရိုစ်ရဲ့ ရာဇဝတ်မှုအကြောင်း လာပြောတယ်။ မိသားစုနဲ့ ပတ်သက်သမျှကို ဖုံးကွယ်ထားတဲ့ ရိုမန်အတွက် အစ်ကို ပြဿနာတက်နေပြီဆိုတော့ ကယ်တင်ပေးဖို့ အကြောင်းဖန်လာပါတယ်။ ဖြတ်တောက်ထားခဲ့တဲ့ မိသားစုနဲ့ ပြန်ပတ်သက်ရတော့မယ့်အချိန်မှာ အစ်ကို့ပြဿနာက သူ့ကို ဘယ်အထိ ဆွဲခေါ်သွားမလဲဆိုတာ ရင်ဆိုင်ရတော့မှာပါ။

ဇာတ်လမ်းအကြောင်း