How I Live Now
အမေရိကန်သူ ဒေစီဟာ သူမွေးကတည်းက အမေဆုံးသွားပြီး အဖေကလည်း ဂရုမစိုက်တာကြောင့် နွေရာသီကျောင်းပိတ်ရက်မှာ ဗြိတိန်က အမေ့ဘက်အမျိုးတော်တဲ့ အဒေါ်တို့ဆီ လာနေပါတယ်။ ငယ်ငယ်ကတည်းက သူ့အနားကလူတိုင်း သူ့ကြောင့် ဒုက္ခရောက်ရတယ်ဆိုတဲ့ စိတ်အစွဲရှိနေလို့ အဒေါ်တို့မိသားစုနဲ့လည်း သိပ်မရောနှောဘဲ ကင်းကင်းရှင်းရှင်း နေတတ်တယ်။ တစ်နေ့ အဒေါ်က ငြိမ်းချမ်းရေးကိစ္စနဲ့ ဂျနီဗာမြို့ဆီ ခရီးထွက်ဖို့ ဖြစ်လာပါတယ်။ သူမရှိတဲ့အချိန် ကလေးတွေကို စောင့်ရှောက်ပေးဖို့ သူငယ်ချင်းတစ်ယောက်ကို အပ်ထားခဲ့ပေမယ့် အဲဒီသူငယ်ချင်း မရောက်လာခင်မှာပဲ ဗုံးပေါက်ကွဲပြီး စစ်စဖြစ်တော့တယ်။ အဒေါ်မရှိချိန် စစ်နဲ့ကြုံလာရတဲ့ ဒေစီတို့လေးယောက် ဘာတွေဆက်ဖြစ်ကြမလဲ၊ လူတွေနဲ့ ကင်းကင်းနေတတ်တဲ့ ဒေစီကရော ဒီအခြေအနေတွေကြားမှာ ဘယ်လိုပြောင်းလဲလာမလဲ။
ဇာတ်လမ်းအကြောင်း