ဇာတ်ကားများ ရွေးရန်

I Am Home

2019ဇာတ်ကားအမှတ် 6.7/1093 မိနစ်

ဒီကားလေးကတော့ဇာတ်လမ်းအေးအေးတွေကိုကြိုက်တဲ့လူတွေအတွက်ပါ Typeကတော့family ပုံစံလေးပေါ့ ... Broken family တစ်ခုကိုရိုက်ပြထားတာပါ မင်းသမီးရဲ့အဖေနဲ့အမေဟာကွဲနေပြီးအမေကနောက်ယောက်ျားယူပါတယ် အစ်မဖြစ်သူကလည်းယောက်ျားနဲ့ကလေးနဲ့သီးခြားနေနေပါတယ် ဒါပေမယ့်သူတို့ပုံစံကစိမ်းကားမနေကြပါဘူး အဖေနဲ့အမေကွဲထားတာလေးကလွဲလို့အားလုံးကအရင်လိုခေါ်ခေါ်ပြောပြောပါပဲ အဓိကအသားပေးထားတဲ့ဇာတ်ကြောင်းကတော့ သမီးအငယ်ကအဖေနေနေတဲ့ဆီကိုသွားပြီးအဖော်လုပ်ပေးလေ့ရှိပါတယ် ဒါကိုအဖေကတစ်နေ့မှာသူတစ်ယောက်တည်းအိုမင်းမစွမ်းဖြစ်မှာစိုးရိမ်လို့အခန်းကျဉ်းစုတ်စုတ်လေးမှာသမီးဖြစ်သူကလာနေပေးကြောင်းသိသွားပြီး ဆူငေါက်နှင်ထုတ်လိုက်ပါတယ် ဒါပေမယ့်အဖေနေမကောင်းဖြစ်တဲ့အချိန်မှာနောက်ဆုံးအနေနဲ့မိသားစုဝင်တွေအဆင်ပြေနေပုံကိုသမီးငယ်လေးကပြောပြပြီး စိတ်ချမ်းသာအောင်လုပ်ပေးပါတယ် ဒီဇာတ်ကားလေးကပေးချင်တဲ့အသိကတော့ ကိုယ်ချစ်ရတဲ့မိသားစုဝင်တွေကိုကွဲကွာနေသည်ဖြစ်စေ နောက်ဆုံးနေဝင်ချိန်ကိုမမီလိုက်ရတဲ့ထိလျစ်လျူရှုမထားဖို့ပါပဲ...။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Hnin Wut Yi ဖြစ်ပါတယ် ) Quality__720p IMDb Rating__6.6/10 Format__mp4 Duration__01:30:00 Type__Drama Subtitle__Myanmar Subtitle (Hardsub) Translated by Hnin Wut Yi Encoded by Naing Aung Latt

ဇာတ်လမ်းအကြောင်း