ဇာတ်ကားများ ရွေးရန်

Nanny Dearest

2023ဇာတ်ကားအမှတ် 6.3/1090 မိနစ်

တေလာက အသက်ငယ်ငယ်နဲ့ သမီးလေးမွေးထားတဲ့ မိခင်တစ်ယောက်ပါ။ ငွေရဖို့ မမျိုးဥလှူဒါန်းပြီး အိမ်ပြန်ရောက်လာတဲ့အခါ သူ့ကောင်လေးရဲ့ မတော်တဆလုပ်ရပ်ကြောင့် မွေးကင်းစသမီး သေဆုံးသွားပြီဆိုတာကို သိလိုက်ရတယ်။ တေလာလည်း စိတ်မထိန်းနိုင်တော့ဘဲ သူ့ကောင်လေးကို သတ်မိသွားလို့ ထောင်ဆယ်နှစ် ကျသွားပါတယ်။ ဆယ်နှစ်အကြာ ထောင်က လွတ်လာတဲ့အခါ တေလာ့စိတ်ထဲမှာ သမီးလေးကို ပြန်ရှာချင်တာပဲ ရှိနေတယ်။ ထောင်ထဲမှာ သိကျွမ်းခဲ့တဲ့ သူငယ်ချင်းတစ်ယောက်ရဲ့ အကူအညီနဲ့ သူလှူဒါန်းခဲ့တဲ့ မမျိုးဥကို လက်ခံထားတဲ့မိသားစုကို လိုက်ရှာပါတယ်။ အဲဒီမိသားစုကို တွေ့သွားတဲ့အခါမှာတော့ ကလေးကို သူ့သမီးအဖြစ် သဘောထားပြီး အနားကပ်နိုင်ဖို့ မိသားစုထဲ ဝင်ဆံ့အောင် ကြိုးစားလာတယ်။ တေလာက ကလေးအနားမှာ ဆက်နေနိုင်မလား၊ မိသားစုက သူဘယ်သူလဲဆိုတာ သိသွားမလား။ သူလိုချင်သလို ကလေးရဲ့အမေ ဖြစ်ခွင့်ရပါ့မလားဆိုတာနဲ့အတူ သူ့လုပ်ရပ်တွေက ဘယ်လိုအရှုပ်အထွေးတွေ ဖြစ်လာစေမလဲဆိုတာကို ဆက်ကြည့်ရမှာပါ။

ဇာတ်လမ်းအကြောင်း