Crater
ဒီဇာတ်လမ်းထဲမှာ ကမ္ဘာ၊ လကမ္ဘာနဲ့ နိဗ္ဗာန်လို နေရာသစ်တစ်ခုဖြစ်တဲ့ အိုမီဂါဆိုပြီး နေရာသုံးခု ရှိပါတယ်။ အဓိကဇာတ်ကောင်တွေက လကမ္ဘာပေါ်မှာ နေကြတာပါ။ အဲဒီမှာ ဥက္ကာပျံမိုးတွေ မကြာခဏ ရွာတတ်လို့ လူတွေက အကာအကွယ်ပေးထားတဲ့ အမိုးခုံးကြီးအောက်မှာ နေထိုင်ကြရတယ်။ အခြေခံလူတန်းစား အများစုကတော့ အိုမီဂါကိုသွားမယ့် ယာဉ်တွေအတွက် လောင်စာတူးဖော်ပေးရတဲ့ မိုင်းလုပ်သားတွေ ဖြစ်ကြပါတယ်။ မိုင်းမှာ အနှစ်နှစ်ဆယ် အလုပ်လုပ်ပြီးရင် အိုမီဂါကို သွားခွင့်ရမယ်လို့ သတ်မှတ်ထားပေမယ့် မမျှတတဲ့စနစ်ကြောင့် မျိုးဆက်တစ်ဆက် ကူးသွားတဲ့အထိ မသွားရသူတွေ ရှိနေတယ်။ အဲဒီလိုနေရာမှာ ကြီးပြင်းလာတဲ့ ကောင်လေးတစ်ယောက်ကတော့ ဖခင်ဆုံးပါးသွားပြီးနောက် သေဆုံးမှုနစ်နာကြေးအစီအစဉ်အရ အိုမီဂါကို ထွက်ခွာခွင့်ရလာပါတယ်။ မသွားခင် နှစ်ရက်အချိန်ရတဲ့အခါ ကောင်လေးဟာ သူ့အဖေ သွားစေချင်ခဲ့တဲ့ လကမ္ဘာချိုင့်ကြီးဆီ သူငယ်ချင်းတွေနဲ့အတူ သွားဖို့လုပ်ကြတယ်။ အမိုးခုံးအပြင်ဘက်ကို ထွက်ကြရတဲ့ ဒီစွန့်စားခရီးမှာ သူငယ်ချင်းတွေကြားက ချစ်ခင်မှုနဲ့ စွန့်လွှတ်မှုတွေကို တွေ့ရမှာပါ။ လူငယ်တွေရဲ့ ကြီးပြင်းလာမှုကို သိပ္ပံစိတ်ကူးယဉ်ခရီးစဉ်နဲ့ တွဲထားတဲ့ ဇာတ်ကားဖြစ်ပြီး Gifted မှာ ပါဝင်ခဲ့တဲ့ Mckenna Grace လည်း သရုပ်ဆောင်ထားပါတယ်။
ဇာတ်လမ်းအကြောင်း