Hawa
ကမ်းမမြင် လမ်းမမြင် ပင်လယ်ပြင်မှာ စက်လှေတစ်စီးနဲ့ ငါးဖမ်းထွက်လာတဲ့ တံငါသည်တစ်စုရှိပါတယ်။ သူတို့ကြားမှာ မူလကတည်းက ရန်ငြိုးအဖုအထစ်တွေ ရှိနေသလို လှေသူကြီးမသိအောင် ငါးတွေကို ခိုးရောင်းဖို့လုပ်ကြရာမှာလည်း ဝေစုမတည့်ဖြစ်နေကြတယ်။ ဒီလို ပြဿနာတွေကြားထဲမှာ သူတို့ရဲ့ငါးဖမ်းပိုက်ကွန်ထဲကို သေပြီလို့ထင်ရတဲ့ မိန်းကလေးတစ်ယောက် ငြိပါလာပါတယ်။ အဲဒီမိန်းကလေးက ဘယ်ကလာတာလဲ၊ ဒီပင်လယ်ပြင်ကြီးထဲမှာ ဘာကြောင့် သူတို့လှေရဲ့ ပိုက်ကွန်ထဲကိုမှ ရောက်လာတာလဲဆိုတဲ့ မေးခွန်းတွေ ပေါ်လာတယ်။ Hawa က အဲဒီပဟေဠိကို အခြေခံထားတဲ့ ဘင်္ဂါလီစကားပြော ဘင်္ဂလားဒေ့ရှ်ဇာတ်ကားပါ။ ရုံတင်ဝင်ငွေ အမေရိကန်ဒေါ်လာ တစ်သန်းကျော် ရရှိခဲ့ပြီး ၉၅ ကြိမ်မြောက် အော်စကာဆုပေးပွဲရဲ့ နိုင်ငံတကာရုပ်ရှင်ဆုအတွက် စကာတင်ရွေးချယ်ရာမှာ ထည့်သွင်းစဉ်းစားနိုင်ဖို့ ဘင်္ဂလားဒေ့ရှ် အော်စကာကော်မတီက ပေးပို့ခဲ့ပါတယ်။
ဇာတ်လမ်းအကြောင်း