ဇာတ်ကားများ ရွေးရန်

The Passengers of the Night

2022ဇာတ်ကားအမှတ် 7.1/10111 မိနစ်

၁၉၈၀ ပြည့်နှစ်ဝန်းကျင်ကို နောက်ခံထားတဲ့ ဒီပြင်သစ်ဒရာမာမှာ Elisabeth ဟာ ခင်ပွန်းဖြစ်သူ ထားသွားပြီးနောက် ဆယ်ကျော်သက်ကလေးနှစ်ယောက်ကို တစ်ယောက်တည်း တာဝန်ယူရပါတော့တယ်။ အရင်က အိမ်ရှင်မအဖြစ်ပဲ နေခဲ့တာကြောင့် အလုပ်ရှာတဲ့အခါ အဆင်မပြေမှုတွေ ကြုံနေရတယ်။ နောက်ဆုံးတော့ ညပိုင်းထုတ်လွှင့်တဲ့ ရေဒီယိုအစီအစဉ်တစ်ခုမှာ အလုပ်ရသွားပါတယ်။ အဲဒီမှာ အိမ်ခြေရာမဲ့မိန်းကလေး Talualah နဲ့ ဆုံမိပြီး သနားတာနဲ့ အိမ်ကို ခေါ်လာခဲ့တယ်။ ကိုယ့်သားသမီးနှစ်ယောက်ကို စောင့်ရှောက်ရင်း သွေးသားမတော်စပ်တဲ့ မိန်းကလေးကိုပါ ကူညီပေးလာတဲ့ Elisabeth နဲ့ သူတို့မိသားစုရဲ့ နေ့ရက်တွေကို အေးအေးဆေးဆေး ဇာတ်လမ်းဆက်ထားပါတယ်။ ၂၀၂၂ ခုနှစ်ထွက် ရုပ်ရှင်ဖြစ်ပြီး မိခင်တစ်ယောက်ရဲ့ ရုန်းကန်မှုနဲ့ မိသားစုဘဝကို အဓိက ရိုက်ပြထားတာပါ။

ဇာတ်လမ်းအကြောင်း