ဇာတ်ကားများ ရွေးရန်

Palm Trees and Power Lines

2023ဇာတ်ကားအမှတ် 6.3/10110 မိနစ်

အသက် ၁၇ နှစ်အရွယ် အထက်တန်းကျောင်းသူ လီယာက အိမ်ထောင်ကွဲထားတဲ့ အမေနဲ့အတူ နေပါတယ်။ အမေဖြစ်သူရဲ့ ရည်းစားအရှုပ်အထွေးတွေကြောင့် အိမ်မှာနေရတာလည်း အဆင်မပြေလှဘူး။ နွေရာသီတစ်ခုမှာတော့ အမေနဲ့ရော သူငယ်ချင်းတွေနဲ့ပါ ကင်းကွာသလို ဖြစ်နေတဲ့ လီယာဟာ အသက် ၃၀ ကျော်အရွယ် တွမ်ဆိုတဲ့ အမျိုးသားနဲ့ ဆုံမိပါတယ်။ လီယာက သူကြုံနေရတဲ့ အဆင်မပြေမှုတွေကနေ လွတ်မြောက်ရာအဖြစ် တွမ်ကို အားကိုးလာတယ်။ ဒါပေမယ့် တွမ်ရဲ့ နောက်ကြောင်းကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ သူက အသက် ၁၇ နှစ်ပဲ ရှိသေးတဲ့ လီယာကို ဘာကြောင့် ချဉ်းကပ်လာတာလဲ၊ ဘယ်လိုရည်ရွယ်ချက်တွေ ရှိနေတာလဲဆိုတဲ့ မေးခွန်းတွေ ရှိနေပါတယ်။

ဇာတ်လမ်းအကြောင်း