ဇာတ်ကားများ ရွေးရန်

Immortals

2011ဇာတ်ကားအမှတ် 6.0/10110 မိနစ်

Immortals (2011) IMDb Rating - 6.0/10 #Unicode ဂရိသူရဲကောင်း သီးစီးယက်စ်ကို အားလုံးပဲသိကြမှာပါ။ သူက ဟာဂျူလီတို့လို အင်အားကြီးမားတဲ့ သူရဲကောင်းမျိုး မဟုတ်ပေမယ့် ဥာဏ်ပညာကြီးမားပြီး တိုက်ရည်ခိုက်ရည်ကောင်းတဲ့ သူရဲကောင်း တစ်ယောက်ပါပဲ။ ဒီကားဟာ ဂရိဒဏ္ဍာရီတွေပေါ် မှီငြမ်းရိုက်ကူးထားတဲ့ Fantasy အမျိုးအစားပဲ ဖြစ်ပါတယ်။ သို့ပေမယ့် ဇာတ်လမ်းကြောရိုးသာတူပြီး ငယ်ငယ်တုန်းကဖတ်ခဲ့ဖူးတဲ့ ပုံပြင်တွေနဲ့တော့ ကွဲထွက်နေမှာ အမှန်ပါပဲ။ ဇာတ်လမ်းကတော့ လူသားမျိုးနွယ်ကို ဖျက်စီးဖို့ ဘုရင်ဟစ်ပီးရီးယန်းက အစ်ပိုင်းရပ်စ်လေးတော်ကို လိုက်ရှာနေတာနဲ့ အစပြု့ထားပါတယ်။ လူသားတို့ရဲ့ အရေးကိစ္စတွေထဲ ပါဝင်ပတ်သက်ခြင်းမပြု့ရလို့ ဇူးစ်ကိုယ်တိုင်က ဥပဒေချမှတ်ထားတာကြောင့် နတ်ဘုရားတွေကိုယ်တိုင် ကလည်း ဝင်ကူညီရခက်နေကြပါတယ်။ ဒါကြောင့် ဘုရင်ကြီးဟစ်ပီးရီးယန်းကို တားဆီးနိုင်ဖို့အတွက် သီးစီးယက်စ်ရဲ့ အကူအညီကို ရယူရပါတော့တယ်...။  ဒီကားရဲ့ တင်ဆက်ပုံဟာ 300 Spartans ကားနဲ့ အတော်လေးတူညီနေတာကို သတိထားမိတယ်။ နောက်ခံတွေ တိုက်ပွဲတွေဟာ 300 ကားကိုပြန်ကြည့် နေရသလိုပါပဲ။ Fan တွေကတော့ ဂရိဒဏ္ဍာရီတွေနဲ့ အတော်လေးကွဲထွက်နေတာကို သိပ်သဘောမကျ ကြပုံပါပဲ။  ဒါပေမယ့် ကျွန်တော်တို့ရဲ့ စူပါမင်း(Man of Steel) တစ်ဖြစ်လဲ Witcher မင်းသားကြီး Henry Cavill သရုပ်ဆောင်ထားတာကြောင့် ကြည့်ရှု့သင့်တဲ့ ဇာတ်ကားစာရင်းထဲကို ထည့်ထားလိုက်ဖို့တော့ သင့်ပါတယ်။ (ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ Kiwi ပဲဖြစ်ပါတယ်။) Quality – 1080p, 720p  BluRay Duration - 1 hr 50 min Subtitle – Myanmar Hardsub Format – Mp4 Genre : Action, Drama, Fantasy Source : 1080p.BluRay Translator – Kiwi Encoder – SWM

ဇာတ်လမ်းအကြောင်း