ဇာတ်ကားများ ရွေးရန်

Philomena

2013ဇာတ်ကားအမှတ် 7.4/1098 မိနစ်

ဖီလိုမီနာဟာ ငယ်စဉ်က ပွဲခင်းတစ်ခုမှာ တွေ့ခဲ့တဲ့ ကောင်လေးတစ်ယောက်နဲ့ ချစ်ကြိုက်မိပြီး ကိုယ်ဝန်ရခဲ့ပါတယ်။ ဒါကို လက်မခံနိုင်တဲ့ ဖခင်က သူ့ကို သီလရှင်ကျောင်းမှာ ထားခဲ့တယ်။ ဖီလိုမီနာက သားလေးကို အဲဒီကျောင်းမှာပဲ မွေးခဲ့ရပြီး အဝတ်လျှော်ဌာနမှာ အလုပ်လုပ်ရင်း တစ်နေ့ကို တစ်နာရီသာ သားနဲ့ တွေ့ခွင့်ရပါတယ်။ တစ်ရက်မှာတော့ ကားအကောင်းစားတစ်စီး ရောက်လာပြီး ဖီလိုမီနာကို အသိမပေးဘဲ သားလေးကို လူကုံထံတချို့က မွေးစားခေါ်သွားကြတယ်။ အဲဒီနောက် နှစ် ၅၀ ကြာသွားပေမယ့် ဖီလိုမီနာက သားကို တစ်ရက်မှ မမေ့ခဲ့ပါဘူး။ နောက်ပိုင်းမွေးတဲ့ သမီးကို ဒီအကြောင်း ရင်ဖွင့်မိတဲ့အခါ သမီးဖြစ်သူက အမေ့အတွက် ဂျာနယ်လစ်တစ်ယောက်နဲ့ ချိတ်ဆက်ပေးလိုက်ပါတယ်။ ဒီလိုနဲ့ သီလရှင်ကျောင်းမှာ နေခဲ့ဖူးတဲ့ ဖီလိုမီနာနဲ့ ဘုရားသခင်ကို မယုံကြည်ဘဲ လောကကို စိတ်ပျက်နေတဲ့ ဂျာနယ်လစ်တို့ သားပျောက်ရှာဖို့ ခရီးထွက်လာကြတယ်။ အမြင်မတူလို့ ဘုနဲ့ဘောက်ဖြစ်တတ်တဲ့ သူတို့နှစ်ယောက် အဆင်ပြေကြပါ့မလား၊ နှစ်ပေါင်းများစွာ ကွဲကွာခဲ့တဲ့သားကို ပြန်တွေ့နိုင်ပါ့မလား။ ရှာဖွေရင်း မထင်မှတ်တဲ့ လျှို့ဝှက်ချက်တွေကို သိလာရတဲ့အခါ ဘယ်လိုဆက်လုပ်ကြမလဲဆိုတာလည်း ရှိနေပါတယ်။ ဖြစ်ရပ်မှန်ကို အခြေခံထားတဲ့ မိခင်မေတ္တာဒရာမာဖြစ်ပြီး လေးနက်တဲ့ဇာတ်လမ်းကြားမှာ ဟာသအခန်းလေးတွေလည်း ပါဝင်တယ်။ မိခင်နေရာမှာ ဂျိမ်းစ်ဘွန်းဇာတ်ကားတွေထဲက M အဖြစ် သရုပ်ဆောင်ခဲ့သူ ပါဝင်ထားပြီး Steve Coogan ကတော့ ဂွကျကျပေမယ့် ဇွဲမလျှော့တတ်တဲ့ ဂျာနယ်လစ်အဖြစ် သရုပ်ဆောင်ထားပါတယ်။

ဇာတ်လမ်းအကြောင်း