Bangkok Love Story
မိုးတိမ်က အမေနဲ့ညီကို ထောက်ပံ့ဖို့ ငွေမရှိလို့ ကြေးစားလူသတ်သမား ဖြစ်လာသူပါ။ လူသတ်ရတာကို နှစ်သက်လို့ လုပ်နေတာမဟုတ်သလို လူကောင်းကို မသတ်ဘူးဆိုတဲ့ ရပ်တည်ချက်လည်း ရှိတယ်။ တစ်နေ့မှာ အလုပ်ရှင်က ကျောက်ဆိုတဲ့လူကို ဖမ်းလာပြီး သတ်ခိုင်းပါတယ်။ ဒါပေမယ့် ကျောက်က လူကောင်းဖြစ်နေပြီး အလုပ်အပ်သူကသာ လူယုတ်မာဖြစ်နေတာကို သိရတဲ့အခါ မိုးတိမ်ဟာ ကျောက်ကို မသတ်ဘဲ အလုပ်ရှင်ကို ပြန်သတ်ဖို့ လုပ်လိုက်တယ်။ အဲဒီဖြစ်ရပ်မှာ မိုးတိမ်လည်း ဒဏ်ရာရသွားပြီး ကျောက်နဲ့အတူ ထွက်ပြေးလာရပါတယ်။ သူတို့နှစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းက အဲဒီကနေ စလာတာပါ။ မိုးတိမ်မှာ မြူလို့ခေါ်တဲ့ ညီတစ်ယောက်ရှိပြီး ငယ်ငယ်က ပထွေးရဲ့ လုပ်ရပ်ကြောင့် HIV ကူးစက်ခံထားရတယ်။ အမေကလည်း AIDS ကြောင့် အသက်အန္တရာယ်ရှိနေပါတယ်။ မိုးတိမ်က အမေနဲ့ညီကို ခေါ်ပြီး အဝေးတစ်နေရာ ထွက်သွားချင်ပေမယ့် ကျောက်ကို သတ်ခိုင်းတဲ့ကိစ္စကစလို့ သူ့အစီအစဉ်တွေ ကမောက်ကမ ဖြစ်သွားတယ်။ နောက်ပိုင်းမှာ ကျောက်၊ မိုးတိမ်နဲ့ မြူတို့ကြားက ဆက်နွယ်မှုတွေနဲ့အတူ မိုးတိမ်နဲ့ကျောက်ရဲ့ အချစ်ရေးကို တိုက်ခိုက်ခန်းတွေကြားမှာ ဆက်ပြထားပါတယ်။ Bangkok Love Story ဟာ ၂၀၀၀ ပြည့်နှစ်နောက်ပိုင်း ထိုင်း queer ရုပ်ရှင်တွေထဲက တစ်ကားပါ။ မူရင်းမိတ်ဆက်စာမှာ ထိုင်း queer ရုပ်ရှင်အစပိုင်းအကြောင်းကိုလည်း ပြောထားပြီး ၁၉၈၅ ခုနှစ်ထွက် The Last Song နဲ့ ၁၉၈၇ ခုနှစ်ထွက် Tortured Love၊ I Am a Man တို့ကို အစောပိုင်းလှုပ်ရှားမှုရဲ့ ရုပ်ရှင်တွေအဖြစ် ဖော်ပြထားပါတယ်။ Bangkok Love Story ကိုယ်တိုင်လည်း ရိုက်ကူးရေးမစခင် ပြင်ဆင်ချိန်မှာ ထိုင်းရဲတပ်ဖွဲ့ရဲ့ ကန့်ကွက်မှုနဲ့ ဆင်ဆာဆိုင်ရာ အခက်အခဲတွေ ကြုံခဲ့ရတယ်။ အမျိုးသားနှစ်ယောက်ရဲ့ အချစ်ရေးကို ရိုက်ထားတဲ့ ဒီကားမှာ လိင်ဆက်ဆံခန်းတွေကို ပွင့်ပွင့်လင်းလင်း ဖော်ပြထားပါတယ်။ ဇာတ်ဝင်သီချင်းအဖြစ် Calories Blah Blah ရဲ့ “Yahk-Roo...Tae-Mai-Yahk-Taam” ကိုလည်း အသုံးပြုထားတယ်။
ဇာတ်လမ်းအကြောင်း