ဇာတ်ကားများ ရွေးရန်

The Grandson

2022ဇာတ်ကားအမှတ် 7.6/10115 မိနစ်

ရူဒီက သာမန်ကုမ္ပဏီဝန်ထမ်းလူငယ်တစ်ယောက်ဖြစ်ပြီး အဘိုးနဲ့ အရမ်းချစ်ကြပါတယ်။ တစ်နေ့မှာ လူတစ်ယောက်က ရဲယောင်ဆောင်ပြီး အဘိုးဆီ ဖုန်းဆက်လာတယ်။ ရူဒီ မတော်တဆမှုဖြစ်ထားလို့ ငွေအရေးတကြီးလိုနေတယ်ဆိုတဲ့ စကားကို ယုံမိတဲ့အဘိုးဟာ မြေးအတွက် စိုးရိမ်စိတ်နဲ့ ငွေတွေအကုန် ပေးလိုက်မိပါတယ်။ တကယ်တော့ ဒီလူတွေဟာ ရူဒီ့အဘိုးလို ပင်စင်စားသက်ကြီးရွယ်အိုတွေကို ပစ်မှတ်ထားပြီး ငွေလိမ်ယူနေတဲ့ ဂိုဏ်းတစ်ဂိုဏ်းပါ။ မိသားစုနဲ့ ပတ်ဝန်းကျင်မှာ ကိုယ့်ကိုယ်ကို လူပိုတစ်ယောက်လို ခံစားနေရပြီးသား သက်ကြီးရွယ်အိုတွေအတွက် ဒီလိုအလိမ်ခံရတာက စိတ်ပိုင်းဆိုင်ရာကိုပါ အကြီးအကျယ် ထိခိုက်စေတယ်။ ရူဒီ့အဘိုးလည်း ဒီအဖြစ်အပျက်နောက်မှာ အိပ်ရာထဲ လဲသွားပါတော့တယ်။ လူလိမ်တွေက ခြေရာဖျောက်ထားတာ ပိရိသလို ရဲတွေဆီကလည်း အကူအညီမရတဲ့အခါ ရူဒီဟာ ကိုယ်တိုင် စုံစမ်းဖို့ ဆုံးဖြတ်လိုက်ပါတယ်။ အဘိုးကို လိမ်သွားတဲ့သူတွေကို ဖော်ထုတ်ဖို့ ကြိုးစားရတဲ့ ရူဒီအဖြစ် Gergely Blahó ပါဝင်သရုပ်ဆောင်ထားတဲ့ ဟန်ဂေရီ အက်ရှင်ဒရာမာကားပါ။

ဇာတ်လမ်းအကြောင်း