ဇာတ်ကားများ ရွေးရန်

I Am Here

2023ဇာတ်ကားအမှတ် 4.3/10

စုံထောက်ဂန်ဆွန်းဒူဟာ တရားခံတစ်ယောက်ကို ဖမ်းဆီးရင်း အဆုတ်ကို ဓားနဲ့အထိုးခံခဲ့ရလို့ အဆုတ်အစားထိုးကုသမှု ခံယူထားရသူပါ။ အသက်ဘေးက လွတ်လာပြီး စုံစမ်းရေးလုပ်ငန်းခွင်ကို ပြန်ဝင်လာတဲ့အခါ ကွင်းဆက်လူသတ်သမား ဂင်ဂယူဂျုံးကို ခြေရာခံလိုက်ရပါတယ်။ အဲဒီအချိန်မှာ ကိုယ်တွင်းအင်္ဂါအစားထိုးကုသစင်တာက ညှိနှိုင်းရေးမှူးတစ်ယောက်ဆီကနေ မထင်ထားတဲ့အကြောင်းကို သိလိုက်ရတယ်။ သူလိုက်ဖမ်းနေတဲ့ ဂယူဂျုံးဟာ သူနဲ့အလှူရှင်တစ်ဦးတည်းဆီက ကိုယ်တွင်းအင်္ဂါကို လက်ခံရရှိထားသူ ဖြစ်နေပါတယ်။ ပိုပြီးထူးဆန်းတာက အဲဒီအလှူရှင်ဟာ အတိတ်က သူ့ကို ဓားနဲ့ထိုးခဲ့တဲ့ လူသတ်တရားခံပဲ ဖြစ်နေတာပါ။ Jo Han-Sun နဲ့ 2AM အဖွဲ့ဝင် Jung Jin-Woon တို့ အဓိကပါဝင်ထားတဲ့ အက်ရှင်ဒရာမာကားဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း