Girl, Interrupted
ဆယ်ကျော်သက်အရွယ် မိန်းကလေးတစ်ယောက်ရဲ့ စိတ်ပိုင်းဆိုင်ရာ အခက်အခဲတွေနဲ့ စိတ်ဆေးရုံမှာ ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်တွေကို အခြေခံထားတဲ့ ရုပ်ရှင်ပါ။ ဆူဇန်နာကေဆန် ရေးသားခဲ့တဲ့ ၁၉၉၃ ခုနှစ်ထုတ် အရောင်းရဆုံး ကိုယ်တွေ့မှတ်တမ်းစာအုပ် Girl, Interrupted ကို ရုပ်ရှင်အဖြစ် ပြန်ရိုက်ထားတာဖြစ်ပြီး ဆူဇန်နာနေရာမှာ Winona Ryder၊ လီဆာနေရာမှာ Angelina Jolie တို့ သရုပ်ဆောင်ထားပါတယ်။ စာအုပ်ထဲမှာတော့ ဆူဇန်နာက စိတ်ဆေးရုံမှာ နေခဲ့ရစဉ် ကြုံသမျှကို အချိန်အစဉ်လိုက်မဟုတ်ဘဲ မှတ်တမ်းသဘော ရေးထားပါတယ်။ ဘယ်သူနဲ့ ဘာတွေဖြစ်ခဲ့တယ်၊ ဘယ်နေရာမှာ ဘာရှိတယ်ဆိုတဲ့ အတွေ့အကြုံတွေကို အခန်းတစ်ခန်းစီ ဖတ်ရတာမျိုးပါ။ ရုပ်ရှင်မှာတော့ ပြန့်ကျဲနေတဲ့ အဖြစ်အပျက်တွေကို အချိန်အစဉ်တစ်ခုအတိုင်း ပြန်စီထားပြီး ဇာတ်ရှိန်အတက်အကျနဲ့ ဆက်သွားထားတယ်။ စာအုပ်နဲ့ အသေးစိတ် တစ်ထပ်တည်းမတူပေမယ့် အဓိကဇာတ်ကြောင်းကို အခြေခံပြီး ရုပ်ရှင်ဇာတ်လမ်းအဖြစ် ပြောင်းလဲထားတာပါ။ ဒါရိုက်တာက James Mangold ဖြစ်ပါတယ်။ သူဟာ နောက်ပိုင်းမှာ Logan၊ 3:10 Yuma၊ Ford vs Ferrari နဲ့ Indiana Jones and the Dial of Destiny တို့ကိုလည်း ရိုက်ကူးခဲ့သူပါ။ လီဆာအဖြစ် ပါဝင်ခဲ့တဲ့ Angelina Jolie က ဒီဇာတ်ကားနဲ့ ဇာတ်ပို့သရုပ်ဆောင် အော်စကာဆု ရရှိခဲ့ပြီး အခြားဆုတွေအတွက်လည်း ဆန်ကာတင်စာရင်းတွေမှာ ပါဝင်ခဲ့ပါတယ်။
ဇာတ်လမ်းအကြောင်း