Dragon Squad
နိုင်ငံတကာက အလိုရှိနေတဲ့ ဟောင်ကောင်ရာဇဝတ်သား ကျားသစ်ဒွမ်ကို ရုံးထုတ်ဖို့ စီစဉ်နေချိန်မှာ ဇာတ်လမ်းစပါတယ်။ သူ့ကို တရားစွဲပြီး ထောင်ထဲပို့နိုင်ဖို့၊ တရားဝင်နဲ့ တရားမဝင် စီးပွားရေးလုပ်ငန်းတွေကိုပါ ရပ်တန့်နိုင်ဖို့ အင်တာပိုလ်ကလည်း ပါဝင်ဆောင်ရွက်နေတယ်။ ဒါပေမယ့် ရုံးထုတ်တဲ့နေ့မှာပဲ ပြည်ပကြေးစားအဖွဲ့တစ်ဖွဲ့က လုံခြုံရေးယာဉ်တန်းကို ဝင်တိုက်ပြီး ကျားသစ်ဒွမ်ကို ခေါ်သွားပါတယ်။ ကျားသစ်ဒွမ်ကတော့ ကိုယ့်ကို လာကယ်တာလို့ ထင်ပြီး ဝမ်းသာနေမိတယ်။ တကယ်တမ်းမှာ အဲဒီလူတွေဟာ သူနဲ့ သူ့အစ်ကို ကျားကြီးဒွမ်တို့ကို လက်စားချေချင်နေသူတွေပါ။ ဟောင်ကောင်ရဲတွေကလည်း လိုက်နေသလို အငယ်တန်းအင်တာပိုလ်ရဲအဖွဲ့ကလည်း ပါလာတယ်။ ကြေးစားတွေလက်ထဲက ညီကို ပြန်ကယ်ဖို့ ကျားကြီးဒွမ်တို့အဖွဲ့ပါ လှုပ်ရှားလာတော့ အဖွဲ့လေးဖွဲ့ကြား ထိပ်တိုက်တွေ့ကြရပါတော့တယ်။
ဇာတ်လမ်းအကြောင်း