ဇာတ်ကားများ ရွေးရန်

Megan Leavey

2017ဇာတ်ကားအမှတ် 7.3/10116 မိနစ်

ဖြစ်ရပ်မှန်ကားကောင်းလေးတွေကိုမှကြိုက်တဲ့သူတွေအတွက်၂၀၁၇ထွက် rating7.1ထိရထားတဲ့ခွေးကားကောင်းလေးတစ်ကားလာပြီ။ တကယ့်အပြင်ကဖြစ်ရပ်မှန်ကိုအခြေပြုရိုက်ကူးထားတာပါ။ ဒုတပ်ကြပ်မီဂန်လီဗီနဲ့ သူ့ရဲ့ရဲဘော်ရဲဖက်စစ်ခွေးလေးတို့ရဲ့အကြောင်းလေးကိုရိုက်ကူထားတာပါ။ မီဂန်ဟာအိမ်တွင်းရေးအဆင်မပြေမှုတွေကြားကအလုပ်ကပြုတ်တဲ့အပြင်သူ့ရဲ့အချစ်ဆုံးသူငယ်ချင်းသေဆုံးသွားပြီးနောက်မှာတော့အမေရိကန်မရိန်းတပ်ထဲဝင်ဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။ စစ်တပ်ထဲရောက်တဲ့အချျိန်မှာတော့မီဂန်ရဲ့ခြောက်သွေ့နေတဲ့ဘဝလေးဟာရက်စ်ဆိုတဲ့ခွေးလေးနဲ့တွေ့ပြီးပြန်လည်စိုပြေလာပါတော့တယ်။ ရက်စ်ဆိုတာကအမေရိကန်စစ်တပ်ကလေ့ကျင့်ပေးထားတဲ့တိုက်ပွဲဝင်စစ်ခွေးလေးတစ်ကောင်ပါ။ ရက်စ်ကိုထိန်းကျောင်းရဖို့ကံကြမ္မာပါလာတဲ့မီဂန်တစ်ယောက်သူတို့နှစ်ဦးကြားဘယ်လိုချည်နှောင်မှုတွေရှိလာမလဲ။ ဘယ်လိုတိုက်ပွဲတွေအလီလီအတူတူဖြတ်ကျော်ကြမဘဲဆိုတာဇာတ်ကားလေးကိုဆက်ကြည့်ပြီးခံစားလိုက်ပါ။ တကယ့်အပြင်မှာမီဂန်နဲ့ရက်စ်တို့ဟာအတူတူတိုက်ပွဲပေါင်း၁၀၀၀ကျော်ဆင်နွဲခဲ့ပြီးလူ့အသက်ပေါင်းများစွာကိုကယ်တင်နိုင်ခဲ့ကြတဲ့စစ်သည်ကောင်းတွေအဖြစ်အသိအမှတ်ပြုခံခဲ့ရသူများဖြစ်ပါတယ်။ ဇာတ်ကားလေးဟာလည်းသူတို့နှစ်ယောက်ရဲ့ကြားကဖြစ်တည်မှုလေးကိုသေသေချာချာရင်ထဲထိအောင်ရိုက်ပြထားတာတွေ့ရမှာပါ။ တကယ့်ဖြစ်ရပ်မှန်အခြေခံရိုက်ထားတဲ့ကားကောင်းလေးတွေကိုကြိုက်နှစ်သက်သူများအတွက်ဒီကားလေးဟာကြည့်သင့်တဲ့ကားလေးပါလို့ညွန်းပါရစေဗျာ။ Rotten Egg ratingအနေနဲ့လည်း84%အထိရရှိထားတာဆိုတာ့အထူးတလည်ပြောနေစရာမလိုဘူးထင်ပါတယ်ဗျာ။ (ဘာသာပြန်သူကတော့ သားပြည့်စုံဇော်ပါ) File Size : (850 MB) and (378 MB) Quality : 720p Bluray Running Time : 1hr 56min Format : Mp4 Genre :Biography, Drama, War Subtitle : Myanmar Subtitle (Hard Sub) Translated by Thar Pyae Sone Zaw Encode by Thanhtike Zaw

ဇာတ်လမ်းအကြောင်း