ဇာတ်ကားများ ရွေးရန်

The Warrior's Way

2010ဇာတ်ကားအမှတ် 6.5/10100 မိနစ်

"This is the Story of a Sad Flute....a Laughing Baby and a Weeping Sword." ဖြူစင်စွာရယ်မောနေတဲ့ကလေးလေးနဲ့ ဝိဉာဉ်တွေရဲ့ငိုသံတွေပြည့်နှက်နေတဲ့ဓား တို့ရဲ့ ဝမ်းနည်းသံစဉ်ဇာတ်လမ်းလေးတစ်ပုဒ်အကြီးကျယ်အခမ်းနားဆုံးသော ဓားသမားဖြစ်ချင်ခဲ့တဲ့ စစ်သည်တစ်ဦး သူအလိုချင်ဆုံးအရာကိုရရှိလိုက်တဲ့အချိန်မှာ အရာအားလုံးဘာမှမရှိ(ပျောက်ကွယ်သွား)တော့သလိုခံစားလိုက်မိတဲ့ စစ်သည် တပြိုက်နက်ထဲမှာပဲ သူ့ဘဝတစ်လျှောက်လုံး မကြုံဖူးမခံစားဖူးသေးတဲ့ ကလေးရဲ့ရယ်သံလေးကြောင့်ဖြစ်ပေါ်လာတဲ့ နွေးထွေးတဲ့မေတ္တာ ဒါပေမယ့်လဲ ကံကြမ္မာရဲ့လှည့်ကွက်ဆိုသလို ကလေးလေးက သူ့ရဲ့ရန်သူတော်ဂိုဏ်းကမျိုးဆက်ဖြစ်နေပါတယ် ဒါပေမယ့်လဲ အချစ်နဲ့အမုန်းလွန်ဆွဲလိုက်တဲ့အခါ အချစ်ကအနိုင်ရပြီး ကလေးကိုပိုက်ကာ အဝေးကိုထွက်ပြေးခဲ့ပါတယ် အဲ့အကျိုးဆက်ကြောင့် စစ်သည်ဟာ သူ့ဂိုဏ်းရဲ့Black list ထဲအထည့်ခံရမယ်ဆိုတာ အတိအကျသိနေပေမယ့်လည်းပေါ့ အဲ့လိုနဲ့ သူ့မိတ်ဆွေဟောင်းတစ်ဦးရှိတဲ့ အနောက်ဖက်ကိုခရီးထွက်လာခဲ့တယ် သူ့မိတ်ဆွေကဆုံးသွားပြီဖြစ်တဲ့အတွက်ကြောင့် သူ့မိတ်ဆွေရဲ့လုပ်ငန်းဖြစ်တဲ့ အဝတ်လျှော်လုပ်ငန်းကိုပြန်လည်လုပ်ကိုင်ရင်း ဇာတ်မြုပ်နေလိုက်ပါတယ် သူ့ရဲ့ဓါးကိုပါ ချိတ်ပိတ်လိုက်ရင်းပေါ့ တစ်နေ့တော့ သူ့ရဲ့ဓါးကိုမသုံးမဖြစ်သုံးရမယ့်အချိန်လဲရောက်လာရော ဘာတွေဆက်ဖြစ်သွားမလဲဆိုတာကတော့.... ဓါးသမားစစ်သည်အဖြစ် ကိုရီးယားမင်းသား ဒါရိုက်တာ ရင် အဖြစ်တစ်ချိန်ကမြန်မာပြည်ပရိသတ်တွေအကျွမ်းဝင်ခဲ့သူ Jang Dong Gun မင်းသမီးကတော့ superman returns(2006)ထဲက Lois Lane အဖြစ်သရုပ်ဆောင်ခဲ့သူ Kate Bosworth နောက်ထပ်သရုပ်ဆောင်တစ်ဦးကတော့ Pirates of the Caribbean ထဲက Capt Barbossa ကြီး Geoffery Rush ပါဝင်ထားပါသေးတယ် Fantasy Action ကားကောင်းလေးဖြစ်ပြီး IMDB rating 6.1/10 ရရှိထားတယ်ဆိုတော့ မဆိုးလှတဲ့ကားလေးလို့ပြောလို့ရပါတယ် (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Hein Min Tun  ပါ) File Size : (950 MB) and (340 MB) Quality : Blu-Ray 720p Running Time : 1hr 40min Format : Mp4 Genre : Action, Fantasy, Western Subtitle : Myanmar Subtitle (Hard Sub) Source : 1080p.BluRay.x264.DTS-FGT Translated by Hein Min Tun Encoded by Thanhtike Zaw

ဇာတ်လမ်းအကြောင်း