Velvet Goldmine
ဂလမ်ရော့ခ်အဆိုတော် ဘရိုင်ယန်စလိတ်ဒ်ဟာ စင်ပေါ်မှာ ဖျော်ဖြေနေရင်း သေနတ်အပစ်ခံလိုက်ရပါတယ်။ ဒါပေမယ့် နောက်တစ်နေ့မှာတော့ အဲဒါဟာ တကယ်ပစ်ခံရတာမဟုတ်ဘဲ စီစဉ်သရုပ်ဆောင်ထားတဲ့ စတန့်ပြကွက်တစ်ခုသာဖြစ်ကြောင်း ကြေညာလိုက်တယ်။ အဲဒီနောက် ပရိသတ်တွေရဲ့ ဝေဖန်မှုကို ခံရပြီး ရောင်းအားတွေလည်း ကျလာသလို စလိတ်ဒ်ကိုယ်တိုင်လည်း ဘယ်ရောက်သွားမှန်းမသိ အစပျောက်သွားပါတော့တယ်။ ဆယ်နှစ်အကြာမှာ အမေရိကန်သတင်းဌာနတစ်ခုက စလိတ်ဒ် ဘာဖြစ်သွားလဲ၊ ဘယ်ရောက်နေသလဲဆိုတာ စုံစမ်းဖို့ သတင်းထောက်အာသာကို တာဝန်ပေးလိုက်ပါတယ်။ အာသာဟာ ငယ်စဉ်က စလိတ်ဒ်ကို အရူးအမူး အားပေးခဲ့သူပါ။ စလိတ်ဒ်က လိင်တူနှစ်သက်မှုကို ပွင့်ပွင့်လင်းလင်း ပြောပြတာနဲ့ အစဉ်အလာကနေ ကွဲထွက်တဲ့ ဝတ်စားဆင်ယင်ပုံတွေဟာ အာသာအတွက် ကိုယ့်စိတ်ဆန္ဒကို ဖွင့်ဟရဲဖို့ အားဖြစ်ခဲ့တယ်။ သေနတ်ပစ်ခံရဟန် သရုပ်ဆောင်ခဲ့တဲ့ ဖျော်ဖြေပွဲညမှာလည်း အာသာက ပရိသတ်တွေကြား ရှိနေခဲ့ပါတယ်။ အခုတော့ တစ်ချိန်က သူအားပေးခဲ့တဲ့ အဆိုတော်အကြောင်း စုံစမ်းဖို့ လန်ဒန်ကို ပြန်လာရပြီ။ စလိတ်ဒ်နဲ့ ဆက်စပ်သူတွေကို လိုက်တွေ့မေးမြန်းရင်း သူ့ရဲ့ကိုယ်ရေးကိုယ်တာနဲ့ အလုပ်အကြောင်းတွေကို သိလာရတယ်။ အဲဒီအကြောင်းတွေက စလိတ်ဒ်ပျောက်ကွယ်သွားမှုကို ရှင်းပြပေးနိုင်မလားဆိုတာတော့ ဆက်ရှာရဦးမှာပါ။ Christian Bale ငယ်စဉ်က ပါဝင်သရုပ်ဆောင်ထားတဲ့ ၁၉၉၈ ခုနှစ်ထွက် ဂီတဒရာမာကားဖြစ်ပါတယ်။
ဇာတ်လမ်းအကြောင်း