ဇာတ်ကားများ ရွေးရန်

Detective Dee and the Mysterious City

2021ဇာတ်ကား77 မိနစ်

ထန်မင်းဆက်မှာ ဧကရီဘုရင်မ အုပ်ချုပ်နေချိန် ကျိုင်းကောင်ကပ်ဘေး ကျရောက်လာတာကြောင့် ဒုက္ခသည်တွေကို ကယ်ဆယ်ဖို့ တိုင်းပြည်ဘဏ္ဍာတိုက်က ရန်ပုံငွေ ထုတ်ပေးပါတယ်။ ဒါပေမယ့် အဲဒီငွေတုံးတွေဟာ သယ်ယူပို့ဆောင်နေတဲ့ လမ်းခရီးမှာပဲ လုယက်ခံလိုက်ရတယ်။ ဖြစ်ပုံကလည်း သာမန်ဓားပြတိုက်မှုနဲ့ မတူပါဘူး။ အမှုမဖြစ်ခင်မှာ “ယင်းယန်လိပ်ပြာ” လို့ခေါ်တဲ့ နှစ်ရောင်ပြန်လိပ်ပြာအုပ် ပေါ်လာပြီး ငွေသတ္တာတွေ ရုတ်တရက် လေထဲမှာ ပျောက်သွားတာပါ။ ဒါကြောင့် သံသယတွေက အဲဒီလိပ်ပြာတွေဆီ ရောက်နေတယ်။ တကယ်ပဲ လိပ်ပြာတွေကြောင့်လား၊ နောက်ကွယ်မှာ တစ်ယောက်ယောက်က ကြိုးကိုင်နေတာလား၊ ရည်ရွယ်ချက်ကလည်း ငွေကိုယူဖို့သက်သက်ပဲလားဆိုတာ မရှင်းသေးပါဘူး။ စုံထောက်ကြီး ဒီးရန်ကျယ်က ဒီပဟေဠိဆန်တဲ့ ငွေပျောက်မှုကို စုံစမ်းဖော်ထုတ်ရမှာပါ။

ဇာတ်လမ်းအကြောင်း