ဇာတ်ကားများ ရွေးရန်

The Last Witch Hunter

2015ဇာတ်ကားအမှတ် 6.0/10106 မိနစ်

The Last Witch Hunter လွန်ခဲ့တဲ့နှစ်ပေါင်း ၈၀၀ လောက်က လူသား တွေ ကသူတို့ဖာသာ အိုးအိမ်တွေမြို့သစ် တွေတည်ပြီး စည်ပင်ထွန်းကားခဲ့ကြတယ် တန်ခိုးသြဇာ ကြီးမားခဲ့ကြတယ် ဒါပေမယ့် သူတို့ မေ့လျော့နေခဲ့တာက မွေးရာပါပါရမီ ထူးပါလာပြီး ဆရာ မလို လမ်းကြောင်းမယ့် သူမလိုပဲအောက်လမ်းပညာတွေမှော်အတတ် အစီမံတွေ ကျွမ်းကျင်နေတဲ့ လူတစ်စုပဲ တစ်နည်းအားဖြင့် စုန်းတွေပေါ့ စုန်းတွေနဲ့ လူ တွေကြားက ပဋိပက္ခတွေဟာအချိန်နဲ့အမျှ လှိုက်စားကြီးထွားလာတယ် အမုန်းအာဃာ တတွေကလဲ လမ်းဆုံးမရှိတဲ့ခရီးလမ်းလို များပြားထွေလီရှည်လျားခဲ့တယ် ဒီလိုနဲ့ သေမြေကြီးရှင်ရွှေထီးဆိုပြီး ထင်ရာစိုင်း တဲ့ဗိုက်ကင်းတွေ မိမိတိုင်းပြည်လူမျိုးအတွက် အသက်စွန့်တိုက်ခိုက်မယ့်ရဲရဲတောက် သူရဲကောင်းတွေ သူတို့ အသက်ကအရေး မပါဘူူး သူတို့မှာဖက်တွယ်စရာအိုးအိမ် တွေလဲ မရှိရှာတော့ဘူူး ဒီကြမ္မာငင်ဇာတ် လမ်းဆိုးကို ပြန်နားထောင်ပေးမယ့်သားမြေး မြစ်တွေလဲ မရှိတော့တဲ့အချိန် ရော်ရင့်နေတဲ့ သစ်ပင်အိုကြီး မကောင်းမှုတို့ အလုံးစုံအတိ ပြီးတဲ့ စုန်းအသိုက်မြုံထဲ ချဉ်းနင်းဝင်ရောက် ကြတယ် ဗင်ဒီဇယ် တဖြစ်လဲ ကော်ဒါ ဦး ဆောင်တဲ့ တပ်စုလေး အောက်လမ်းစုန်း တွေရဲ့ ခြောက်ခြားမှုတွေအောက်မှာသွေး မပျက်အောင်ကြိုးစားထိန်းနေရတယ် တစ်ယောက်ပြီးတစ်ယောက် တစ်သက်ပြီး တစ်သက်ပေးဆပ်လိုက်ရတဲ့ သွေးသောက် ညီကိုတွေကိုကြည့်ပြီး သံထည်နဲ့မီးတောက် အားကို ပြု ပီး ကော်ဒါတစ်ယောက် မိစ္ဆာမရင်ဝကို ဒီလူမျိုးတုန်းသတ်ဖြတ်တဲ့ ပုလိပ်ရောဂါကပ်ဆိုးကြီးဖန်တီးရှင်ရဲ့ အသဲ အူတည့်တည့်ကို အမုန်းဓားတစ်ဆင်းထိုး စိုက်လိုက်နိုင်ခဲ့တယ် စုန်းဘုရင်မကြီး နိဌိတံပြီး ပုလိပ်ရောဂါဆိုး ကြီးလဲ ချုပ်ငြိမ်းပြီ ဒါပေမယ့် ဘယ်သူမှ မမျှော်လင့်တဲ့အခိုက်အတန့်လေးမှာ လျှပ်ခနဲ ဆိုသလိုကျိန်စာတစ်ခု အထမြောက်သွားခဲ့ တယ် ကိုယ်ချစ်တဲ့သူတွေသေတာထိုင်ကြည့် ရတဲ့ကျိန်စာ နှစ်ပရိစ္ဆေဒကြာညောင်းတဲ့ အထိ ဒီကမ္ဘာပေါ်မှာချေချနေရတဲ့ကျိန်စာ မိမိသမီးလေးအတွက် ချစ်ကြင်သူဇနီးမယား အတွက် လက်စားချေတဲ့ ဒီကော်ဒါဆိုတဲ့ ဗိုက်ကင်းကြီး တစ်နည်းအားဖြင့် နောက်ဆုံး ကျန်ရစ်ခဲ့တဲ့စုန်းလိုက်မုဆိုးကြီးကို အရိပ် တစ္ဆေလို ကပ်ပါသွားခဲ့တယ် ဒီလိုကားမျိုးဆိုတာ ဝေဖန်ရေးနဲ့လေကန်ရေး လုပ်ပြီးကြည့်ရမယ့်ကားလို့မထင်မိပါဘူး မြှုပ်ကွက်လေးတွေတော့ရှိပေမယ့် သြချ ရလောက်အောင်မပြောင်မြောက်ဘူး ရွက်ကြမ်းရေကျိုအဆင့်လို့လဲပြောလို့မရ ဘူး အက်ရှင် scene တွေလန်းတယ် ဗင်ဒီဇယ်ကြီးကို ဗိုက်ကင်းလိုပုံဖော်ထား တာမိုက်တယ် ကြည့်ရတာ အရသာရှိတယ် effect တွေကောင်းတယ် ကျန်တဲ့ကျန်တဲ့ ဝေဖန်ရမယ့်အပိုင်းတွေကတော့ rating ကိုကြည့်ပြီး ဆုံးဖြတ်နိုင်ပါတယ် rating:IMDb-6 Rotten Tomatoes-17% File Size - 2GB/901MB Quality - 1080P BluRay/720p Subtitle - Burmese (Hardsub) Translator - Tariq L Walker Review - Hein Thet Naing Encoder - Thit San Khant

ဇာတ်လမ်းအကြောင်း